သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။
ယာကုပ် 1:6 - Common Language Bible သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။- Garrad Bible ယုံ မှား သံ သ ယ အ လျှင်း မ ရှိ ဘဲ ယုံ ကြည် လျက် တောင်း လျှောက် စေ။ ယုံ မှား သံ သ ယ ရှိ သူ သည် လေ ပြင်း တိုက် ခတ် သော ပင် လယ် လှိုင်း နှင့် တူ သ ဖြင့် စိတ် ဒွိ ဟ ရှိ လျက်၊ Judson Bible သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ သံသယစိတ်ရှိသောသူသည် လေတိုက်၍ လှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့် တူ၏။ |
သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။
ပေတရုက ``သခင်ဘုရား၊ ကိုယ်တော်ရှင်ဖြစ်ပါမူ၊ အကျွန်ုပ်သည်ရေပေါ်မှာလျှောက်၍အထံတော်သို့ လာနိုင်ရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
ထ၍ဆင်းသွားလော့။ ငါပင်သူတို့ကိုစေလွှတ် လိုက်သည်ဖြစ်၍ မဆိုင်းမတွဘဲသူတို့နှင့် အတူလိုက်သွားလော့'' ဟုမိန့်တော်မူ၏။-
ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-
ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။
ဤကဲ့သို့သောသူသည်စိတ်နှစ်ခွရှိသူ၊ ပြု လေသမျှတို့၌တည်ကြည်မှုမရှိသူဖြစ် သောကြောင့် ထာဝရဘုရား၏ထံတော်မှ တစ်စုံတစ်ရာကိုရရှိလိမ့်မည်ဟုမမှတ် စေနှင့်။
ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းသည် လူနာ အားကျန်းမာစေလိမ့်မည်။ သခင်ဘုရားသည် သူ့အားကျန်းမာလာစေတော်မူ၍ သူပြုမိ သောအပြစ်များကိုလည်းဖြေလွှတ်တော်မူ လိမ့်မည်။-
ထိုသူတို့သည်ရေခန်းခြောက်သွားသည့်စမ်း ချောင်းများကဲ့သို့လည်းကောင်း လေမုန်တိုင်း တွင်လွင့်ပါသွားသည့်မိုးတိမ်ကဲ့သို့လည်း ကောင်းဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့ အတွက်အလွန့်အလွန်မှောင်မိုက်သောနေ ရာကိုသီးသန့်၍ထားတော်မူ၏။-