ကမ္ဘာဦး 49:4 - Common Language Bible4 သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။ အခန်းကိုကြည့်ပါ။Garrad Bible4 ရေ ကဲ့ သို့ ပွက် ထ လျက် အ ဘ အိပ် ရာ ကို ကျော် နင်း၍ မ သန့် စေ သော ကြောင့် အ ထွဋ် အ မြတ် သို့ မ ရောက် ရ။ ငါ့ ညောင် စောင်း ကို သူ ကျော် နင်း ဝံ့ လေ ပြီ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible4 သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။ အခန်းကိုကြည့်ပါ။ |
ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-
ပေါလုသည်ဤအကြောင်းအရာနှင့်ပတ်သက် ၍မိမိရေးသမျှသောစာတို့တွင်ဤအတိုင်း ပင်ဖော်ပြထား၏။ သူ၏စာများတွင်ပါရှိသည့် အကြောင်းအရာအချို့တို့မှာနားလည်ရန် ခက်သဖြင့် အသိပညာမဲ့၍စိတ်မတည် မငြိမ်သူတို့သည် အနက်အဋ္ဌိပ္ပါယ်အလွဲလွဲ အမှားမှားကောက်ယူတတ်ကြ၏။ သူတို့သည် အခြားကျမ်းပုဒ်များ၏အနက်အဋ္ဌိပ္ပါယ်ကို လည်းဤနည်းတူကောက်ယူသဖြင့်မိမိတို့ ကိုယ်တိုင်ပျက်စီးခြင်းငှာပြုကြ၏။