မဿဲ 1:2 - Common Language Bible အာဗြဟံ၏သားသည်ဣဇာက်၊ ဣဇာက်၏သားမှာယာကုပ်၊ ယာကုပ်၏သားများကားယုဒနှင့်ညီများဖြစ်၏။- Garrad Bible ဣ ဇာက် သား ယာ ကုပ်၊ ယာ ကုပ် သား ယု ဒ နှင့် ညီ အစ် ကို များ၊ Judson Bible အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။- မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် သားဣဇက်ကိုရ၏။ ဣဇက်သည် သားယာကုပ်ကိုရ၏။ ယာကုပ်သည် သားယုဒနှင့်သူ၏ညီအစ်ကိုများကိုရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဗြဟံ၏သားသည် ဣဇာက်ဖြစ်၏။ ဣဇာက်သား ယာကုပ်ဖြစ်၏။ ယာကုပ်၏သားများမှာ ယုဒနှင့် ညီအစ်ကိုများဖြစ်ကြ၏။ မြန်မာ အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။- |
ဒုတိယသားသည်ဧသော၏ဖနောင့်ကိုဆုပ် ကိုင်လျက်မွေးဖွားလာသဖြင့် ယာကုပ်ဟုနာ မည်မှည့်လေသည်။ ထိုသားများမွေးဖွားသော အခါဣဇာက်သည်အသက်ခြောက်ဆယ်ရှိပြီ ဖြစ်၏။
``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
ထို့အပြင်ဘုရားသခင်သည်မိမိပြုတော် မူခဲ့သောပဋိညာဉ်တော်၏အမှတ်လက္ခဏာ တစ်ရပ်အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာ ကိုအာဗြဟံအားအပ်ပေးတော်မူ၏။ သို့ဖြစ်၍ အာဗြဟံသည်သားဣဇာက်ကိုရပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ သူ့အားအရေဖျား လှီးမင်္ဂလာကိုပေးလေ၏။ ထိုနည်းတူဣဇာက် သည်သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ် သည်သားတစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရေဖျားလှီးမင်္ဂလာကိုပေး၏။ ယာကုပ် ၏သားများကားလူမျိုး၏အဖတစ်ဆယ့် နှစ်ပါးတည်း။
အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။-
ကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။
ယုဒအနွယ်၊ ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ အာရှာ အနွယ်၊ နဿလိအနွယ်၊ မနာရှေအနွယ်၊ ရှိမောင် အနွယ်၊ လေဝိအနွယ်၊ ဣသခါအနွယ်၊ ဇာဗုလုန် အနွယ်၊ ယောသပ်အနွယ်၊ ဗင်ယာမိန်အနွယ်တို့ မှတစ်နွယ်လျှင် တစ်သောင်းနှစ်ထောင်တံဆိပ် ခတ်နှိပ်ခြင်းကိုခံရကြသတည်း။