မြည်တမ်းစကား 4:21 - Common Language Bible ဧဒုံပြည်နှင့်ဥဇပြည်သားတို့ရယ်မော၍ နေကြလော့။ သင်တို့ဝမ်းမြောက်နိုင်သည့်ကာလဝမ်းမြောက်လျက် နေကြလော့။ သင်တို့ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည်လည်း သက်ရောက်လာလိမ့်မည်။ သင်သည်လည်းအဝတ်မဲ့လျက်ဒယိမ်းဒယိုင်နှင့် အရှက်ကွဲရလိမ့်မည်။ Garrad Bible ဥ ဇ ပြည်၌ နေ ထိုင် သော အို သ တို့ သ မီး ဧ ဒုံ၊ အား ရ ရွှင် လန်း လော့။ သင် လည်း၊ ဖ လား တော် ရောက် သ ဖြင့် ယစ် မူး လျက်၊ အ ဝတ် အ ချည်း စည်း နေ ရ လိမ့် မည်။ Judson Bible ဥဇပြည်၌နေသော ဧဒုံသတို့သမီး၊ ဝမ်းမြောက်ရွှင်လန်းလော့။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွားလိမ့်မည်။ သင်သည်ယစ်မူး၍ အဝတ်အချည်းစည်း ရှိရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။ |
ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။-
ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
``အပြစ်ဒဏ်မခံသင့်သူများပင်လျှင်ခံ ရကြပါမူ၊ သင်တို့သည်အပြစ်ဒဏ်ခွက် ဖလားမှမသောက်ဘဲနေရကြလိမ့်မည် ဟုထင်မှတ်ကြသလော။ သင်တို့သည်ဧကန် မုချအပြစ်ခွက်ဖလားမှသောက်ရကြ မည်။-
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
``အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင်တို့သည်လက်ခုပ်တီး၍ဝမ်းမြောက်စွာ ခုန်ပေါက်ကြ၏။ ဣသရေလပြည်ကိုရွံရှာ စက်ဆုပ်ကြ၏။-
အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-
ကိုယ်တော်က``အချင်းလူသား၊ တုရုမြို့သား တို့က`ယေရုရှလင်မြို့တံခါးသည်ပျက်ပြုန်း လေပြီ။ ထိုမြို့၌တံခါးများပွင့်လျက်ရှိ၏။ ထိုမြို့သည်ငါတို့နှင့်ပြိုင်ဘက်မဖြစ်တော့ ပြီ' ဟုဝမ်းမြောက်စွာဟစ်အော်ကြွေးကြော် လျက်နေကြ၏။
ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-
ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။
ရှဖိရမြို့သားတို့၊ အဝတ်အချည်းစည်း ဖြင့်အရှက်ကွဲလျက်သုံ့ပန်းအဖြစ်ရောက် ကြလော့။ ဇာနန်မြို့သားတို့သည်မြို့ပြင် သို့မထွက်ဝံ့ကြ။ ဗေသဇေလမြို့သား တို့ငိုကြွေးသံကိုသင်တို့ကြားရသော အခါ ထိုမြို့တွင်သင်တို့ခိုလှုံနိုင်မည် မဟုတ်ကြောင်းသိရလိမ့်မည်။-
သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက်% ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင်% မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ% ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ်% ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် % သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု% အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-%
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။