ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။
အ ကျွန်ုပ်၌ ကြံ စည် ကြ သော လက် စား ချေ မှု များ ကို၊ ကိုယ် တော် သိ တော် မူ ပါ၏။
သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။
အကျွန်ုပ်ကို အဘယ်မျှလောက် အငြိုးထား၍ အဘယ်မျှလောက် မကောင်းကြံစည်နေသည်ကို ကိုယ်တော်သိတော်မူပါပြီ။
သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။
ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။
``ကိုယ်တော်ရှင်သည်ထိုသူတို့ကျွန်တော်မျိုး အား စော်ကားကြသည်ကိုကြားတော်မူ၍ သူတို့၏လျှို့ဝှက်သောအကြံအစည် မှန်သမျှကိုလည်းသိတော်မူပါ၏။