ယေရမိ 18:23 - Common Language Bible23 သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible23 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ကွပ် မျက် အံ့ သော ငှာ၊ သူ တို့ ကြံ စည် သ မျှ ကို သိ တော် မူ သည့် အ လျောက်၊ ဒု စ ရိုက် ဖြေ လွှတ် ခြင်း၊ ရှေ့ တော် တွင် ပြစ် မှု ချေ ဖျောက် ခြင်း များ ကို ပြု တော် မ မူ ဘဲ၊ အ မျက် တော် ထား သော ကာ လ စီ ရင် လျက်၊ မျက် မှောက် တော် တွင် ပြို လဲ ကြ ပါ စေ သော၊ အခန်းကိုကြည့်ပါ။Judson Bible23 အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော်မူ၏။ သူတို့ကို အပြစ်မှ လွှတ်တော်မမူပါနှင့်။ မျက်မှောက်တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။ နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
သူတို့သည်စက်ဆုတ်သည့်အမှုတို့ကိုပြုကျင့် သည့်အတွက်ရှက်ကြပါသလော။ အလျှင်း မရှက်ကြ။ ရှက်သွေးရောင်ပင်မသန်းကြ။ သို့ ဖြစ်၍သူတို့သည်အခြားသူများနည်းတူ ပြိုလဲရကြလိမ့်မည်။ ငါအပြစ်ဒဏ်ခတ်သော အခါသူတို့သည်ဆုံးခန်းသို့ရောက်ကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။