ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
မြည်တမ်းစကား 3:59 - Common Language Bible ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ လွဲ စီ ရင် ခံ ရ သည် ကို သိ မြင် သည့် အ လျောက်၊ ဆုံး ဖြတ် တော် မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ခံရသောညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဖို့ တရားစီရင်တော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ် မတရားသဖြင့်ခံရသည်ကို ကိုယ်တော်မြင်တော်မူပါပြီ။ အကျွန်ုပ်အမှုကို စီရင်တော်မူပါ။ |
ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးဖြောင့်မှန်ကြောင်းစီရင် ဆုံးဖြတ်တော်မူပါ။
အို ဘုရားသခင်၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။ လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
ရုံးတော်တွင်တရားစီရင်မှုဖောက်လွဲဖောက် ပြန် ဖြစ်သောအခါလည်း ကိုယ်တော်သိတော်မူပါ၏။
ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။
မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံ တော်မူရသောအခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့မိမိ၏အမှုကိုအပ် တော်မူ၏။-