ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။
ပူ ဆွေး စေ သော် လည်း၊ လူ သား တို့၌ နှိပ် စက် ညှင်း ပန်း သော စိတ် မ ရှိ သည့် အ လျောက်၊ က ရု ဏာ တော် မြောက် မြား သည် နှင့် အ မျှ သ နား တော် မူ လိမ့် မည်။
ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော်များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။
ဝမ်းနည်းကြေကွဲစေတော်မူသော်လည်း မေတ္တာကရုဏာကြီးမားတော်မူသည်နှင့်အညီ သနားစုံမက်တော်မူလိမ့်မည်။
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။ သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍ သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
ထာဝရဘုရားသည်မိမိလူမျိုးတော်အား ပြည်နှင်ဒဏ်ပေး၍အပြစ်ဒဏ်ခတ်တော်မူ၏။ သူတို့သည်အရှေ့မှလာသောလေပြင်းမုန် တိုင်းတွင်လွင့်ပါသွားရဘိသကဲ့သို့ မိမိ တို့ပြည်မှထွက်ခွာသွားရကြလေသည်။-
``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။
``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-
ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။