Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 3:32 - Garrad Bible

32-33 ပူ ဆွေး စေ သော် လည်း၊ လူ သား တို့၌ နှိပ် စက် ညှင်း ပန်း သော စိတ် မ ရှိ သည့် အ လျောက်၊ က ရု ဏာ တော် မြောက် မြား သည် နှင့် အ မျှ သ နား တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို ပေး​သော်​လည်း ငါ​တို့​အ​ပေါ်​၌​ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော သ​နား​ညှာ​တာ​မှု​နှင့်​မေတ္တာ​တော်​ကား ကြီး​မား​တော်​မူ​ပါ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ဝမ်း​နည်း​စေ​တော်​မူ​သော်​လည်း၊ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ သ​နား​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဝမ်းနည်းကြေကွဲ​စေ​တော်မူ​သော်လည်း မေတ္တာကရုဏာ​ကြီးမား​တော်မူ​သည်​နှင့်အညီ သနားစုံမက်​တော်မူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 3:32
15 ပူးပေါင်းရင်းမြစ်များ  

က ရု ဏာ တော် နှင့် ပြည့် စုံ သော ကိုယ် တော် မူ ကား၊ သူ တို့ ကို မ ဖျက် ဆီး ဘဲ၊ ဒု စ ရိုက် ကို ဖြေ လွှတ် လျက်၊ အ မျက် တော် အ ကုန် မ နှိုး ဆော် ဘဲ၊ ကြိမ် ဖန် များ စွာ လွှဲ လျက်၊


မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ခန့် ညား သူ တို့ ၌ က ရု ဏာ တော် ကြီး မြင့်၍၊


အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။


အို ဧ ဖ ရိမ်၊ ငါ သည် သင့် ကို မည် သို့ လက် လွှတ် ရ အံ့ နည်း။ အို ဣ သ ရေ လ၊ မည် သို့ လွှဲ အပ် ရ အံ့ နည်း။ အာ ဒ မာ မြို့ ကဲ့ သို့ လက် လွှတ် ခြင်း၊ ဇေ ဘိုင် မြို့ ကဲ့ သို့ စီ ရင် ခြင်း ကို၊ မည် သို့ ပြု ရ အံ့ နည်း။ စိတ် တော် ပြောင်း လဲ သည့် အ တိုင်း၊ အူ သည်း တော် လှိုက် ဆူ လေ ပြီ။


ရှိ သ မျှ သော လူ မျိုး ခြား တို့ ဘု ရား များ ကို ပစ် ပယ်၍ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု ကြ သော်၊ ဣ သ ရေ လ လူ မျိုး တို့ ပင် ပန်း ခြင်း ကြောင့် စိတ် တော် မ သာ မ ယာ ရှိ တော် မူ၏။


ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် ရှိ ငါ့ လူ မျိုး ခံ ရ သော ညှဉ်း ပန်း ခြင်း ကို ဒိ ဋ္ဌ ငါ မြင် ပြီ။ အ အုပ် အ ချုပ် တို့ ကြောင့် အော် ဟစ် သံ ကို ငါ ကြား ပြီ။ ၎င်း တို့ ဒု က္ခ ဝေ ဒ နာ အ ကြောင်း ကို လည်း ငါ သိ ပြီ။


အ ဝေး၌ ရှိ သေး စဉ် အ ဘ မြင်၍ က ရု ဏာ သက် သ ဖြင့် ပြေး ကြို လျက် လည် ကို ဖက် ပြီး လျှင် နမ်း ရှုပ် လေ၏။


ဧ ဖ ရိမ် သည် နှစ် သက် ဖွယ် သား ရ တ နာ ဖြစ် သည် မ ဟုတ် လော။ အ ပြစ် တင် သည့် အ ခါ တိုင်း ငါ အောက် မေ့ သ ဖြင့်၊ စိတ် ကြင် နာ လျက် က ရု ဏာ သက် သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။


သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ကို ထောက် ၍ ထို လူ မျိုး ကို ဖျက် ဆီး ရန် အ လို တော် မ ရှိ။ မျက် နှာ တော် မူ လျက် မေ တ္တာ ကျေး ဇူး တော် ကို ပြ လျက် ရှေ့ တော် မှ ပယ် ပစ် တော် မ မူ သေး။


ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။


ကာ လ အ တန် ကြာ သော် အိ ဂျစ် ဘု ရင် ကွယ် လွန် သ တည်း။ ဣ သ ရေ လ အ မျိုး သား တို့ လည်း ကျွန် ခံ ရ သော အ ဖြစ် ကြောင့် ညည်း တွား အော် ဟစ် ကြ ကုန်၏။ ထို အ ဖြစ် ကြောင့် ဟစ် ကြ သော အ သံ သည် ဘု ရား သ ခင့် အ ထံ တော် သို့ တက် ရောက် ၍၊


ထာ ဝ ရ ဘု ရား က အ လုံး အ ရင်း များ ပြား၍ ခွန် အား ကြီး သော် လည်း ပယ် ရှင်း ခံ ရ ကြ သည့် အ လျောက် ထို သူ ပ ပျောက် လိမ့် မည်။ နောင် မ ညှဉ်း ဆဲ ရ စေ ခြင်း ငှာ ငါ ညှဉ်း ဆဲ တော့ မည်။


အ ရှေ့ လေ ဆော် သည့် ကာ လ လေ ဟုန် ချီ လျက်၊ လူ မျိုး တော် ကို စွန့် ခွာ နှင် ထုတ် လွှတ် လိုက်၍ စီ ရင် တော် မူ ခြင်း ဖြင့်၊


ခေ တ္တ ခ ဏ မျှ သင့် ကို ငါ စွန့် ခွာ သော် လည်း၊ မ ဟာ က ရု ဏာ နှင့် သိမ်း ပိုက် ဦး မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ