မြည်တမ်းစကား 2:12 - Common Language Bible သူတို့သည်ရေငတ်ဆာလောင်သဖြင့်မိခင် များထံတွင် ငိုကြွေးလျက်နေကြ၏။ ဒဏ်ရာရသူများကဲ့သို့သူတို့သည် လမ်းများပေါ်တွင်လဲကျကာ မိခင်များ၏ရင်ခွင်၌တဖြည်းဖြည်း သေဆုံးသွားရကြလေသည်။ Garrad Bible မြို့ လမ်း များ တွင်၊ လုပ် ကြံ ခံ ရ သူ တို့ ကဲ့ သို့ မြော နေ ကြ သူ၊ မိ ခင် တို့ ရင် ခွင်၌ သေ အံ့ ဆဲ ထို သူ ငယ် တို့ က၊ အ စား အ သောက် မ ရှိ ပါ လော ဟု မေး ရှာ ကြ လေ စွ။ Judson Bible သူတို့ကလည်း၊ ဆန်စပါးနှင့် စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသောသူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အမိကို မေးတတ်ကြသည်တကား။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဒဏ်ရာရသောသူတို့ကဲ့သို့ မြို့လမ်းများပေါ်၌လဲကျလျက်၊ အမိရင်ခွင်၌ အသက်ယဲ့ယဲ့လေးသာကျန်ရှိလျက် “မုန့်နှင့်စပျစ်ဝိုင် အဘယ်မှာရှိသနည်း”ဟု မိခင်အား မေးကြလေပြီ။ |
ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။ သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။
သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
သူတို့သည်မိမိတို့၏နို့စို့ကလေးများအား အစာငတ်ရေငတ်ထား၍သေစေကြ၏။ ကလေးသူငယ်တို့သည်အစားအစာ တောင်းခံလျက်နေသော်လည်း သူတို့အားအဘယ်သူမျှမပေးကြ။
ထိုနောက်ဗာဗုလုန်ဘုရင်အားခွန်အား ကြီးမားလာစေ၍ သူ၏လက်သို့ငါ၏ဋ္ဌား ကိုပေးအပ်မည်။ သို့ရာတွင်အီဂျစ်ဘုရင် ၏လက်ရုံးတို့ကိုမူငါချိုးမည်။ သူသည် ညည်းတွားမြည်တမ်းလျက် မိမိရန်သူ၏ ရှေ့မှောက်တွင်သေရလိမ့်မည်။-