ဆာလံ 42:4 - Common Language Bible4 ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ဘု ရား သ ခင့် ဗိ မာန် တော် သို့ သွား ရာ ကြွေး ကြော် ခြင်း၊ ထော မ နာ ပြု ခြင်း အ သံ မြွက် ဆို လျက်၊ ဘု ရား ဖူး သူ လူ ပ ရိ သတ် ကို ငါ ဦး ဆောင် ခဲ့ ရ ကြောင်း သ တိ ရ၍၊ ငါ့ စိတ် ဝိ ညာဉ် ကြေ ကွဲ လျက် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုအခြင်းအရာကို ငါအောက်မေ့၍ နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည် လူစုများနှင့် ပေါင်းဖော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။ အခန်းကိုကြည့်ပါ။ |
သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
သို့ရာတွင်၊ အို ထာဝရဘုရား၏လူမျိုးတော်၊ သင်တို့သည်ဘာသာရေးပွဲတော်ညဥ့်မှာကဲ့ သို့ပျော်ရွှင်စွာသီချင်းဆိုကြလိမ့်မည်။ သင် တို့သည်ဣသရေလအမျိုးသားတို့၏ကွယ် ကာရာအရှင်၊ ထာဝရဘုရား၏ဗိမာန်တော် သို့သွားရာလမ်းတွင် ပုလွေသံနှင့်စည်းချက် ကျကျလမ်းလျှောက်၍သွားကြသူတို့ကဲ့ သို့ပျော်ရွှင်ကြလိမ့်မည်။
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
ဤမြို့မှထွက်ခွာသွားစဉ်အခါက ငါ့မှာ အစုံအလင်ရှိသော်လည်း ယခုထာဝရ ဘုရားသည် ငါ့အားလက်ချည်းသက်သက် ပြန်လည်ပို့ဆောင်တော်မူလေပြီ။ အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် အပြစ်ဒဏ် စီရင်တော်မူလျက်ဒုက္ခရောက်စေတော်မူ ပြီဖြစ်၍ ငါ့ကိုအဘယ်ကြောင့် `နောမိ' ဟု ခေါ်ကြပါသနည်း'' ဟုပြန်ပြောလေ၏။