မိက္ခာ 2:4 - Common Language Bible ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။ Garrad Bible ထို ကာ လ၌၊ သင် တို့ ကို ရည် သော ငို ချင်း က ဗျာ ဖွဲ့ ဆို သည့် အ တိုင်း၊ ဒု က္ခ ရောက် လေ ပြီ။ လုံး လုံး ပျက် စီး ကြ လေ ပြီ။ လူ မျိုး သား ချင်း တို့၏ ဝေ ပုံ လွှဲ ပြောင်း၍၊ ငါ တို့ လက် မှတ် သိမ်း ယူ ကြ လေ ပြီ။ ဖောက် ပြန် သူ တို့ အား၊ ငါ တို့ လယ် ယာ များ ကို ဝေ ဖန် ကြ လေ စွ ဟု မြည် တမ်း သီ ဆို ကြ လ တ္တံ့။ Judson Bible ထိုကာလတွင် သင်တို့တစ်ဖက်၌ ပုံစကားကိုသုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်း ပျက်စီးကြပြီ။ ငါ့အမျိုးသားခံစားရသော အဖို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတစ်ပါးတို့အား ဝေဖန်တော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။ |
ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။
ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
ကမ္ဘာမြေကြီးသည်ကစင့်ကလျားဖြစ်လျက် ယိုယွင်းပျက်စီးနေလိမ့်မည်။ ဤကားထာဝရ ဘုရား၏အမိန့်တော်ဖြစ်သဖြင့်ဤနည်း အတိုင်းပင်ဖြစ်ပျက်ရမည်သာတည်း။
ငါကလည်း``အို ထာဝရဘုရား၊ အဘယ်မျှကြာအောင်ဤသို့ဖြစ်ပျက်လျက်နေပါမည်နည်း'' ဟုလျှောက်လျှင် ကိုယ်တော်က``မြို့များပျက်စီးယိုယွင်း၍ဟာလာဟင်းလင်းဖြစ်၍နေချိန်တိုင်အောင်ဖြစ်၏။ အိမ်များတွင်လူသူကင်းမဲ့ပြီးထိုပြည်ကိုယ်တိုင်လူသူဆိတ်ငြိမ်ရာဖြစ်လျက်နေချိန်တိုင်အောင်ဖြစ်၏။-
လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။ မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည် မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊ အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''
ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
ငါသည်သူတို့နှင့်သူတို့ဘိုးဘေးများပင် မကြားဘူးသည့်လူမျိုးများအထဲတွင် သူ တို့အားပျံ့လွင့်သွားစေမည်။ ထိုနောက်သူတို့ အားလုံးဝပျက်စီးသည့်တိုင်အောင် တိုက်ခိုက် ရန်စစ်တပ်များကိုငါစေလွှတ်မည်'' ဟုမိန့် တော်မူ၏။
ထာဝရဘုရားက``အို ယေရုရှလင်မြို့၊ လူ တို့သည်သင်၏အကြောင်းနှင့်ပတ်သက်၍`အမိ စရိုက်သမီးလိုက်' ဟူသောစကားပုံကို သုံးစွဲကြလိမ့်မည်။-
ထိုလက်သည်စာလိပ်ကိုဖြန့်လိုက်သောအခါ နှစ်ဖက်စလုံး၌စာများရေးသားထားသည် ကိုငါမြင်ရ၏။ ထိုစာလိပ်နှစ်ဖက်စလုံးတွင် ဝမ်းနည်းပူဆွေးညည်းတွားမြည်တမ်းစကား များပါရှိသတည်း။
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊ ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။
အို ဣသရေလပြည်သားတို့၊ သင်တို့ကို သင်္ဂြိုဟ်ဖို့ငါသီဆိုမည့်ဤအသုဘ တေးကိုနားဆင်ကြလော့။
စပျစ်ခြံတိုင်းမှငိုကြွေးသံများပေါ် ထွက်လာမည်။ ငါသည်သင်တို့ကိုအပြစ် ပေးရန်ကြွလာပြီးဖြစ်သောကြောင့် ဤသို့ ဖြစ်ရလိမ့်မည်'' ဟုထာဝရဘုရားမိန့် တော်မူ၏။
မရေရှမြို့သားတို့၊ ထာဝရဘုရားသည် သင်တို့၏မြို့ကိုရန်သူ့လက်သို့အပ်တော် မူမည်။ ဣသရေလခေါင်းဆောင်များသည် အဒုလံဥမင်လှိုဏ်ခေါင်းသို့ထွက်ပြေး ပုန်းအောင်းရလိမ့်မည်။-
ထိုအခါမိက္ခာက``ထိုအတွက်ကြောင့်ငါ သည်ငိုကြွေးမြည်တမ်းမည်။ ငါသည်ဝမ်း နည်းကြောင်းပြရန်ဖိနပ်မစီး၊ အဝတ် အင်္ကျီမဝတ်ဆင်ဘဲလှည့်လည်မည်။ ငါ သည်ခွေးအကဲ့သို့အူ၍ငှက်ကုလား အုတ်ကဲ့သို့ညည်းညူမည်။-
ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ% မခံသာပြောဆိုလျက်မထီလေးစားပြုကြ% လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း% ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ% ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ% တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား% ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု% နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။ %
ထာဝရဘုရားက``ငါသည်လူများ၊ တိရစ္ဆာန် များ၊ ငှက်များနှင့်ငါးများပါမကျန်၊ ကမ္ဘာ ပေါ်တွင်ရှိသမျှသောအရာတို့ကိုသုတ် သင်ဖျက်ဆီးမည်။ သူယုတ်မာတို့ကိုပြိုလဲ ပျက်စီးစေမည်။ လူသားအားလုံးကိုငါ ဖျက်ဆီးမည်။ အသက်မသေဘဲတစ်ယောက် မျှကျန်လိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
ထိုနောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်၏။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
ထို့နောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်သည်။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
ယုဒအမျိုးသားခေါင်းဆောင်တို့သည်မိမိတို့ ကိုရည်ဆောင်၍ ဤပုံဥပမာကိုမိန့်တော်မူ ကြောင်းသိသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်လူပရိသတ်ကို ကြောက်သောကြောင့်အထံတော်မှထွက်သွား ကြ၏။
နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။