မိက္ခာ 1:15 - Common Language Bible15 မရေရှမြို့သားတို့၊ ထာဝရဘုရားသည် သင်တို့၏မြို့ကိုရန်သူ့လက်သို့အပ်တော် မူမည်။ ဣသရေလခေါင်းဆောင်များသည် အဒုလံဥမင်လှိုဏ်ခေါင်းသို့ထွက်ပြေး ပုန်းအောင်းရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 အို မ ရေ ရှ မြို့၊ အ ပိုင် ယူ မည့် သူ ကို၊ ငါ ရောက် စေ မည်။ ဣ သ ရေ လ လူ မျိုး ၌ အ သ ရေ ရှိ သူ တို့ သည်၊ အ ဒု လံ ဥ မင် သို့ ပြေး ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible15 အို မရေရှမြို့သမီး၊ သင်၏ဥစ္စာကို အမွေခံသောသူကို ငါခေါ်ခဲ့မည်။ သူသည် ဣသရေလဘုန်း၊ အဒုလံမြို့သို့ ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အို မရေရှမြို့သူ၊ သင့်အား သိမ်းပိုက်စိုးမိုးမည့်သူကို ငါရောက်လာစေမည်။ အစ္စရေးလူမျိုး၏ဘုန်းအသရေသည် အဒုလံမြို့သို့ ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-