Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 12:12 - Common Language Bible

12 ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့ ကို​ရည်​ဆောင်​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ ကြောင်း​သိ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​ကို ကြောက်​သော​ကြောင့်​အ​ထံ​တော်​မှ​ထွက်​သွား ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သူ တို့ နှင့် စပ်၍ ထို ဥ ပ မာ ကို မိန့် တော် မူ ကြောင်း သိ မြင် သည် နှင့် ဖမ်း ဆီး ရန် ရှာ ကြံ သော် လည်း၊ လူ ပ ရိ သတ် ကို ကြောက် ရွံ့ သ ဖြင့် အ ထံ တော် မှ ထွက် သွား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​သူ​တို့​သည် မိ​မိ​တို့​ကို​ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို သိ​သော​ကြောင့်၊ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း စု​ဝေး​သော​သူ​တို့​ကို ကြောက်​သော​ကြောင့် အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုအခါ သူ​တို့​သည် ထို​ပုံ​ဥပမာ​ကို မိမိ​တို့​အား​ရည်ညွှန်း​၍ မိန့်​တော်မူ​ကြောင်း​သိ​ကြ​သဖြင့် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် လူထု​ပရိသတ်​ကို​ကြောက်​သောကြောင့် ကိုယ်တော်​ကို​ထားခဲ့​၍ ထွက်သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲများ​က ယေရှု​သည် မိမိတို့​ကို ရည်ညွှန်း​၍ ဤ​ပုံဥပမာ​ကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့​သည် ကိုယ်တော်​ကို ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့​သောကြောင့် ကိုယ်တော်​ထံမှ ထွက်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

12 ထို​သူ​တို့​သည် မိ​မိ​တို့​ကို​ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို သိ​သော​ကြောင့်၊ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း စု​ဝေး​သော​သူ​တို့​ကို ကြောက်​သော​ကြောင့် အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 12:12
13 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။-


ထို​သူ​တို့​သည်​ထို​စ​ကား​ကို​ကြား​လျှင်​လွန် စွာ​အံ့​သြ​ကြ​၏။ ထို​နောက်​ကိုယ်​တော်​၏​ထံ​မှ ထွက်​ခွာ​သွား​ကြ​၏။


ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကြား​၍ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း ရှာ​ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ယင်း​သို့ သွန်​သင်​တော်​မူ​သည်​ကို​လွန်​စွာ​အံ့​သြ​လျက် ရှိ​ကြ​သော​ကြောင့် ထို​သူ​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​၏။


သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)-


ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။-


သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။-


ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​တို့​က ``ဤ​သူ​ကို အာ​ဏာ​ပိုင်​က​သတ်​ရန်​ရှာ​ကြံ​နေ​ကြ​သည် မ​ဟုတ်​ပါ​လော။-


လူ​တို့​သည်​ကိုယ်​တော်​အား​ဖမ်း​ဆီး​ရန်​အ​ခွင့် ကို​ရှာ​ကြံ​ကြ​သော်​လည်း​အ​ချိန်​မ​ကျ​သေး သ​ဖြင့် ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။-


လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို ကြ​၏။ သို့​သော်​လည်း​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ