ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
မိက္ခာ 1:5 - Common Language Bible ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။- Garrad Bible ထို အ ခြင်း အ ရာ များ သည်၊ ယာ ကုပ် အ မျိုး၏ လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး သား တို့ ပြစ် မှု များ ကြောင့် ရောက် လေ ပြီ။ ယာ ကုပ် အမျိုး ၏ လွန် ကျူး မှု ကား၊ ရှ မာ ရိ မြို့၊ ယု ဒ အ မျိုး၏ မြင့် ရာ ဌာ န များ ကား၊ ယေ ရု ရှ လင် မြို့ ဖြစ် သည် မ ဟုတ် လော။ Judson Bible ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလအမျိုးပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ်လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း ဤအရာအလုံးစုံတို့သည် ယာကုပ်အမျိုးအနွယ်၏ပုန်ကန်မှု၊ အစ္စရေးအမျိုးအနွယ်၏အပြစ်ကျူးလွန်မှုကြောင့် ဖြစ်၏။ ယာကုပ်၏ပုန်ကန်မှုကား အဘယ်အရာနည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏အထွတ်အမြတ်ထားရာကား အဘယ်အရာနည်း။ ဂျေရုဆလင်မြို့မဟုတ်လော။ |
ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
ဗေသလမြို့ရှိယဇ်ပလ္လင်နှင့် ပတ်သက်၍လည်း ကောင်း၊ ရှမာရိမြို့များရှိဝတ်ပြုကိုးကွယ်ရာ ဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ ထာဝရ ဘုရားအမိန့်တော်အရထိုသူပြန်ကြားသည့် စကား မှန်သမျှသည်မုချအကောင်အထည် ပေါ်လာလိမ့်မည်'' ဟုဆို၏။
ရှမာရိတောင်ကိုရှမေရဆိုသူထံမှငွေ သားခြောက်ထောင်နှင့်ဝယ်ယူတော်မူ၏။ သြမရိ သည်ထိုတောင်ကိုတံတိုင်းကာရံကာမြို့တည် ပြီးမှ တောင်ပိုင်ရှင်ဟောင်းရှမေရ၏နာမည် ကိုအစွဲပြု၍ရှမာရိမြို့ဟုသမုတ်တော် မူ၏။
ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
သူ၏ညွှန်ကြားချက်အရမင်းချင်းတို့သည် ဗာလဘုရားအားဝတ်ပြုကိုးကွယ်ရာယဇ် ပလ္လင်များကိုချိုးဖဲ့ချေမှုန်းပြီးလျှင် ထို ယဇ်ပလ္လင်များတွင်ယဇ်ပူဇော်ခဲ့ကြသူ တို့၏သင်္ချိုင်းများအပေါ်တွင်ကြဲဖြန့် ကြ၏။-
ဣသရေလပြည်၏အင်အားသည် ရှမာရိ မြို့ဖြစ်၍ရှမာရိမြို့၏အင်အားမှာလည်း ပေကာမင်းပင်ဖြစ်ပေသည်။'' ``အကယ်၍သင်တို့သည် ခိုင်မြဲစွာဘုရားသခင်အားယုံကြည်ကိုးစားမှုမပြုလျှင် အဘယ်အခါ၌မျှရပ်တည်နိုင်ကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။
အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
ရှမာရိမြို့မှပရောဖက်များ၏ရွံရှာဖွယ် အဖြစ်ကို ငါတွေ့မြင်ရလေပြီ။ သူတို့သည်ဗာလဘုရား၏နာမကိုအမှီ ပြု၍ ဟောပြောကာငါ၏လူမျိုးတော်ဣသရေလအား လမ်းလွဲစေကြလေပြီ။
သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
အို ယုဒပြည်၊ သင်သည်မိမိနေထိုင်ပြုကျင့်ပုံ များအားဖြင့် ဤအမှုအရာတို့ကိုဖြစ်ပွား စေလေပြီ။ သင်၏စိတ်နှလုံးကိုဋ္ဌားနှင့်ထိုး လိုက်ဘိသကဲ့သို့ သင်သည်မိမိ၏အပြစ် ကြောင့်ဤဝေဒနာကိုခံရ၏။
သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။
ကမ္ဘာမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤ လူတို့သည်ငါ့စကားကိုမနာယူ၊ ငါ၏သြ ဝါဒကိုလည်းပစ်ပယ်ကြ၏။ သို့ဖြစ်၍ငါ သည်သူတို့ခံယူထိုက်သည့်ဘေးအန္တရာယ် ဆိုးကိုသူတို့အပေါ်သို့သက်ရောက်စေမည်။-
ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။
``သင်၏အစ်မသည်မိမိ၏သမီးများနှင့် တကွ နေထိုင်လျက်ရှိသည့်မြောက်အရပ်တွင် ရှိသောရှမာရိမြို့ဖြစ်၏။ သင့်ညီမကား မိမိ၏သမီးများနှင့်တကွနေထိုင်လျက် ရှိသောတောင်အရပ်တွင်ရှိသည့်သောဒုံမြို့ ဖြစ်၏။-
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
ဣဇာက်မှဆင်းသက်သောအမျိုးအနွယ်တို့ ကိုးကွယ်ရာအရပ်များပျက်စီးရတော့မည်။ ဣသရေလနိုင်ငံရှိသန့်ရှင်းရာဌာနမှန် သမျှကို မြေပုံအဖြစ်နှင့်သာကျန်ရစ်စေ မည်။ ငါသည်ယေရောဗောင်မင်းဆက်၏နန်း သက်ကိုကုန်စေတော့မည်'' ဟုမိန့်တော်မူ၏။
ရှမာရိဘုရားရုပ်တုများကိုတိုင်တည်ကာ ကျိန်ဆိုလေ့ရှိသူများ`ဒန်ဘုရား' ကိုသော် လည်းကောင်း `ဗေရရှေဘမြို့လမ်းရှိဘုရား' ကို လည်းကောင်း၊ ထိုဘုရားတို့အသက်ရှင်တော် မူသည့်အတိုင်းဟုတိုင်တည်ကာ ကျိန်ဆို တတ်သူအပေါင်းတို့သည်ပြန်မထနိုင် အောင်ပင်ပြိုလဲတော့မည်'' ဟုမိန့်တော် မူ၏။
လာခိရှမြို့တွင်နေထိုင်သူတို့၊ စစ်ရထား များကိုမြင်းကကြလော့။ သင်တို့သည် ဣသရေလပြည်သူတို့၏စံနမူနာကို လိုက်၍ အပြစ်ကူးလွန်ကြ၏။ သင်တို့ အပြစ်ကူးလွန်စေသကဲ့သို့ ယေရုရှလင် မြို့အားလည်းအပြစ်ကူးလွန်စေကြ၏။-