Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 34:4 - Common Language Bible

4 သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ရှေ့ တော် တွင် ဗာ လ နတ် တို့ ယဇ် ပ လ္လင် များ ကို ဖြို ဖျက် ခြင်း၊ အ ထက် ရှိ နေ မင်း တိုင် များ ကို ခုတ် လှဲ ခြင်း၊ တံ ခွန် တိုင် ရုပ် ပွား ဆင်း တု များ ကို ချိုး ဖဲ့ ချေ မွ ခြင်း ပြု ပြီး မှ၊ ပူ ဇော် ခဲ့ သူ တို့ သင်္ချိုင်း ပုံ တွင် အ မုန့် ကို ကြဲ ဖြန့် စေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ဗာ​လ​ဘု​ရား​တို့ ယဇ်​ပ​လ္လင်​များ​ကို ရှေ့​တော်၌​ဖြို​ချ၍၊ ယဇ်​ပ​လ္လင်​ပေါ်​တွင် အ​မြင့်​တင်​ထား​သော ရုပ်​တု​တို့​ကို ခုတ်​လှဲ​ကြ၏။ အာ​ရှ​ရ​ပင်​များ​နှင့် ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​များ​ကို ချိုး​ဖဲ့၍ ညက်​ညက်​ချေ​ပြီး​လျှင်၊ ယဇ်​ပူ​ဇော်​သော​သူ​တို့၏ သင်္ချိုင်း​ပေါ်​မှာ ဖြန့်​ဖြူး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဗာလ​ယဇ်ပလ္လင်​များ​ကို​လည်း သူ့​ရှေ့​၌​ဖြိုဖျက်​ပစ်​ကြ​၏​။ ထို​ယဇ်ပလ္လင်​ပေါ်ရှိ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ချိုးဖျက်​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ ထုလုပ်​သော​ရုပ်တု​များ​၊ သွန်းလုပ်​သော​ရုပ်တု​များ​ကို​လည်း တစ်စစီ​ချိုးဖဲ့ဖျက်ဆီး​ပစ်​ပြီး ယဇ်ပူဇော်​သော​သူ​တို့​၏​သင်္ချိုင်းဂူ​များ​ပေါ်တွင် ကြဲ​ပစ်​လိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 34:4
21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​တိုင်း​ပ​ရော ဖက်​က``အို ယဇ်​ပလ္လင်၊ ယဇ်​ပလ္လင်၊ ထာ​ဝ​ရ​ဘု​ရား က`ယော​ရှိ​နာ​မည်​တွင်​မည့်​သူ​ငယ်​သည်​ဒါ​ဝိဒ် ၏​သား​ချင်း​စု​တွင်​ဖွား​မြင်​လိမ့်​မည်။ ပူ​ဇော် သကာ​များ​ကို​သင်​၏​အ​ပေါ်​တွင်​တင်​လှူ​ကာ မိစ္ဆာ​ယဇ်​ပလ္လင်​များ​တွင်​အ​မှု​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား သူ​သည်​သင့်​အ​ပေါ် မှာ​တင်​၍​ယဇ်​ပူ​ဇော်​လိမ့်​မည်။ လူ​ရိုး​တို့​ကို လည်း​တင်​၍​မီး​ရှို့​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။-


ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင် များ​ကို​ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ထို​မင်း​၏ လက်​ထက်​၌​နိုင်​ငံ​တော်​သည်​ငြိမ်း​ချမ်း သာ​ယာ​လျက်​နေ​၏။-


သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​များ​ပူ ဇော်​ရာ​နှင့် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ရှိ သ​မျှ​ကို​ယူ​၍​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ပစ် ချ​လိုက်​ကြ​၏။ လ​ဆန်း​တစ်​ဆယ့်​လေး​ရက် နေ့​၌​သူ​တို့​သည် ပ​သ​ခါ​ယဇ်​ပူ​ဇော်​ရန် အ​တွက်​သိုး​များ​ကို​သတ်​ကြ​လေ​သည်။-


ပွဲ​တော်​ပြီး​ဆုံး​သွား​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ သို့​သွား​လျက် ကျောက်​တိုင်​များ​ကို​ဖြို​ဖျက်​၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို​ခုတ် လှဲ​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​ဖြို​ဖျက်​ကြ​၏။ သူ​တို့ သည်​ယု​ဒ​နယ်​မြေ၊ ဗင်္ယာ​မိန်​နယ်​မြေ​နှင့်​မ​နာ​ရှေ နယ်​မြေ​တို့​တွင်​လည်း​ဤ​နည်း​အ​တိုင်း​ပြု​လုပ် ကြ​ပြီး​လျှင်​မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့ ပြန်​သွား​ကြ​၏။


သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့​သို့​ပင် ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​၍​ခ​မည်း​တော်​ကိုး ကွယ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ပင်​ကိုး​ကွယ်​၏။-


မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက်​သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ပြန်​လည်​တည် ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား​အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​စိုက်​ထူ​၍​ကြယ်​နက္ခတ်​များ ကို​ဝတ်​ပြု​ရှိ​ခိုး​၏။-


ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သည့်​နယ်​မြေ​မှ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သည့်​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ပြည်​သူ​တို့​အား​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​ကွယ်​စေ တော်​မူ​၏။


မြောက်​ဘက်​နိုင်​ငံ​တစ်​လျှောက်​လုံး​၌​ယဇ်​ပလ္လင် များ​နှင့်​တံ​ခွန်​တိုင်​များ​ကို​ဖြို​ဖျက်​တော် မူ​၏။ ရုပ်​တု​များ​ကို​ညက်​ညက်​ချေ​၍​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​အ​ပိုင်း ပိုင်း​ချိုး​ဖဲ့​ပြီး​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် တော်​မူ​၏။


လေ​တိုက်​၍​လွင့်​ပါ​သွား​သော​မြေ​မှုန့်​သ​ဖွယ် ဖြစ်​စေ​ရန် သူ​တို့​အား​ကျွန်​တော်​မျိုး​ချေ​မှုန်း​ပါ​၏။ လမ်း​များ​ပေါ်​မှ​ရွှံ့​သ​ဖွယ်​သူ​တို့​အား ကျွန်​တော်​မျိုး​ကျော်​နင်း​ပါ​၏။


သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-


သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။-


သင်​တို့​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို ဖျက်​ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ ကို​ဖျက်​ဆီး​ရ​မည်။ သူ​တို့​၏​အာ​ရှ​ရ​ဘု​ရား မ​သစ်​တိုင်​များ​ကို​ခုတ်​လှဲ​ရ​မည်။


ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။


ငါ​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ရှိ​သော​သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖျက်​ဆီး ၍ နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ဖြို​ဖျက်​မည်။ သင်​တို့​၏​အ​လောင်း​များ​ကို​ပြို​ကျ​သော​ရုပ်​တု များ​အ​ပေါ်​တွင်​ပစ်​ချ​မည်။ ငါ​သည်​သင်​တို့ ကို​စက်​ဆုပ်​ရွံ​ရှာ​သ​ဖြင့်၊-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ကူး​လွန်​၍​ဘု​ရား​သ​ခင်​အား​ပုန်​ကန်​ကြ သော​ကြောင့် ဤ​အ​ဖြစ်​မျိုး​နှင့်​တွေ့​ကြုံ​ရ ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပုန်​ကန်​မှု​အ​တွက် မည်​သူ့​ကို​အ​ပြစ်​တင် ရ​ပါ​မည်​နည်း။ ရှ​မာ​ရိ​မြို့​တော်​မ​ဟုတ် လော။ ယု​ဒ​လူ​မျိုး​များ​ကိုး​ကွယ်​နေ​သည့် မြင့်​ရာ​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ယေ​ရု​ရှ​လင်​မြို့​တော်​၌​မ​ဟုတ်​လော။-


သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-


ထို့​ကြောင့်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ​ကို ချိုး​ပစ်​ရ​မည်။ အာ​ရှ​ရ​ဘု​ရား​မ​၏​တိုင်​များ ကို​ခုတ်​လှဲ​ရ​မည်။ သူ​တို့​၏​ရုပ်​တု​များ​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-


ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ