Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မိက္ခာ 1:4 - Common Language Bible

4 ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 နင်း တော် မူ သော တောင် များ သည်၊ မီး ရှေ့ ဖ ယောင်း ကဲ့ သို့ အ ရည် ပျော် ၍၊ ချိုင့် များ လည်း၊ တောင် ကမ်း ပါး ယံ ၌ ရေ တံ ခွန် ဖြာ သ ကဲ့ သို့ အက် ကွဲ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မီး​ရှေ့​မှာ ဖ​ယောင်း​ကဲ့​သို့​လည်း​ကောင်း၊ ချောက်​ကြီး​မှ ဆင်း​သော​ရေ​ကဲ့​သို့​လည်း​ကောင်း ရှေ့​တော်၌ တောင်​တို့​သည် အ​ရည်​ဖြစ်၍၊ ချိုင့်​တို့​သည်​လည်း အက်​ကွဲ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 မီး​နှင့်​ထိ​သော​ဖယောင်း​ကဲ့သို့​လည်းကောင်း​၊ တောင်စောင်း​တွင် စီးဆင်း​သော​ရေ​ကဲ့သို့​လည်းကောင်း ခြေ​တော်​အောက်​တွင် တောင်​များ​အရည်ပျော်​၍ ချိုင့်ဝှမ်းလွင်ပြင်​များ​လည်း အက်ကွဲ​ကုန်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိက္ခာ 1:4
12 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​၏။ ဘု​ရား​သ​ခင်​မိန့်​မြွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​အ​ရည်​ပျော်​လေ​၏။


ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့ လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။


ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊ မြေ​င​လျင်​ကြီး​လှုပ်​သည်။ မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။


ကိုယ်​တော်​၏​ရှေ့​၌​တောင်​ကြီး​များ​သည် တုန်​လှုပ်​ကြ​လျက်၊ တောင်​ငယ်​များ​သည်​အ​ရည်​ပျော်​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ မြေ​င​လျင်​လှုပ်​၍၊ ကမ္ဘာ​လော​က​နှင့်​တ​ကွ​ကမ္ဘာ​သူ​ကမ္ဘာ​သား အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။


ထို​အ​ခါ​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင် မြို့​၏​အ​ရှေ့​ဘက်​၌​ရှိ​သော​သံ​လွင်​တောင် ပေါ်​တွင်​ရပ်​တော်​မူ​သ​ဖြင့် သံ​လွင်​တောင် သည်​အ​ရှေ့​မှ​အ​နောက်​သို့​နှစ်​ခြမ်း​ကွဲ လျက်​ချိုင့်​ဝှမ်း​ကြီး​တစ်​ခု​ဖြစ်​ပေါ်​လာ လိမ့်​မည်။ တောင်​တစ်​ခြမ်း​သည်​မြောက်​ဘက် သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ခြမ်း​သည် တောင်​ဘက်​သို့​လည်း​ကောင်း၊ ရွေ့​လျား သွား​လိမ့်​မည်။-


ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-


အို ထာ​ဝ​ရ​ဘု​ရား​စိ​ရ​တောင်​ရိုး​ပေါ်​မှာ ကိုယ်​တော်​ကြွ​လျက် ဧ​ဒုံ​ပြည်​မှ​စစ်​ချီ​တော်​မူ​သော​အ​ခါ၊ မြေ​င​လျင်​လှုပ်​၍​ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း ပါ​၏။ မိုး​တိမ်​များ​မှ​မိုး​ရေ​တို့​သည်​ကျ​ဆင်း​လာ ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ