ယေဟုသည်ယေဇရေလမြို့သို့ရောက်ရှိလာ ၏။ ယေဇဗေလသည်ဖြစ်ပျက်သည့်အကြောင်း အရာကိုကြားသိပြီးဖြစ်သဖြင့် မိမိ၏မျက် ခမ်းတို့ကိုဆေးဆိုး၍ဆံပင်ကိုအလှပြင် ကာ နန်းတော်ပြူတင်းမှလမ်းသို့မျှော်ကြည့် လျက်နေ၏။-
ဗျာဒိတ် 9:8 - Common Language Bible သူတို့သည်အမျိုးသမီးများ၏ဆံပင်နှင့်တူ သောခေါင်းမွေးများရှိ၏။ သူတို့၏သွားသည် ခြင်္သေ့သွားနှင့်တူ၏။- Garrad Bible နှုတ် ခမ်း မွေး များ သည် မိန်း မ ဦး ဆံ အ ဆင်း၊ သွား များ သည် ခြင်္သေ့ သွား အ ဆင်း၊ ရင် အုပ် များ သည် သံ ရင် အုပ် အ ဆင်း ရှိ ၍၊ Judson Bible ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့၌ မိန်းမဆံပင်နှင့်တူသောဆံပင်ရှိ၍ သူတို့၏သွားသည် ခြင်္သေ့သွားကဲ့သို့ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၏ဆံပင်များသည် အမျိုးသမီးဆံပင်ကဲ့သို့ဖြစ်၍ သူတို့၏သွားများသည် ခြင်္သေ့သွားများကဲ့သို့ဖြစ်၏။ |
ယေဟုသည်ယေဇရေလမြို့သို့ရောက်ရှိလာ ၏။ ယေဇဗေလသည်ဖြစ်ပျက်သည့်အကြောင်း အရာကိုကြားသိပြီးဖြစ်သဖြင့် မိမိ၏မျက် ခမ်းတို့ကိုဆေးဆိုး၍ဆံပင်ကိုအလှပြင် ကာ နန်းတော်ပြူတင်းမှလမ်းသို့မျှော်ကြည့် လျက်နေ၏။-
ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။
သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။
ထို့အပြင် ``အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ငါတို့လူမျိုးမပျောက်ကွယ်သွားစေရန် ငါတို့သားမြေးအချို့တို့ကိုချမ်းသာပေး တော်မမူခဲ့လျှင် ငါတို့သည်သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ကံကြမ္မာနှင့်တွေ့ကြုံ ကြလိမ့်မည်'' ဟုယခင်ကဟေရှာယဖော်ပြ ခဲ့သည့်အတိုင်းပင်ဖြစ်ပေသည်။
အမျိုးသမီးတို့အားလည်းလျောက်ပတ် တင့်တယ်စွာဝတ်စားဆင်ယင်ကြစေလို၏။ ဆံပင်ကိုအလှထုံးခြင်း၊ ရွှေ၊ ပုလဲသို့ မဟုတ်အဖိုးထိုက်သည့်အဝတ်တန်ဆာ များကိုဝတ်ဆင်ခြင်းတို့ကိုမပြုသင့်ကြ။-
သင်တို့၏ရုပ်ရည်လှပမှုသည်အပြင်အပ လက္ခဏာများဖြစ်သောဖီးလိမ်းဝတ်စားမှု၊ ကျောက်မျက်ရတနာဆင်ယင်မှုတို့အပေါ် တွင်မတည်စေဘဲ၊-