ယောလ 1:6 - Common Language Bible6 ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ခွန် အား ကြီး လျက် ရေ တွက်၍ မ ရ၊ ခြင်္သေ့ ကဲ့ သို့ သွား၊ သီ ဟ ကဲ့ သို့ အ စွယ် နှင့် ပြည့် စုံ သော အ လုံး အ ရင်း သည်၊ ငါ့ ပြည် ပေါ် သို့ တက် ချီ၍၊ အခန်းကိုကြည့်ပါ။Judson Bible6 အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့လည်းကောင်း၊ အံသွားသည်လည်း ခြင်္သေ့မ အံသွားကဲ့သို့လည်းကောင်းဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အင်အားကြီးပြီး မရေမတွက်နိုင်သည့် လူမျိုးတစ်မျိုးသည် ငါ့ပြည်သို့ စစ်ချီလာပြီ။ ထိုလူမျိုး၏သွားသည် ခြင်္သေ့ပျို၏သွားနှင့်တူ၏။ အစွယ်သည်လည်း ခြင်္သေ့မ၏အစွယ်နှင့်တူ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။