တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
ဗျာဒိတ် 8:13 - Common Language Bible ထိုနောက်ငါကြည့်လိုက်သောအခါကောင်းကင် အလယ်တွင် ပျံဝဲလျက်နေသောလင်းယုန်ငှက် တစ်ကောင်ကိုမြင်ရ၏။ ထိုငှက်က``အခြားကောင်း ကင်တမန်သုံးပါးမှုတ်ကြမည့်တံပိုးခရာသံ သုံးချက်ကြောင့်ကမ္ဘာမြေပေါ်ရှိသတ္တဝါတို့ သည်အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြ လိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်'' ဟုအသံ ကျယ်စွာပြောဆိုနေသည်ကိုငါကြားရ၏။ Garrad Bible ထို အ ခါ ငါ မျှော် ကြည့် ရာ ရွှေ လင်း တ တစ် ကောင် သည် ကောင်း ကင့် အ လယ် တွင် ပျံ ဝဲ လျက် ကြွင်း သော စေ တ မန် တော် သုံး ပါး တို့ မှုတ် ရ ဦး မည့် တံ ပိုး သံ များ ကြောင့် မြေ ကြီး ပေါ် တွင် နေ ထိုင် သူ တို့၌ အ မင်္ဂ လာ၊ အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ သည် ဟု၊ ကျယ် သော အ သံ နှင့် မြည် ကြွေး သည် ကို ကြား ရ ၏။ Judson Bible ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတစ်ကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန်သုံးပါး မှုတ်လုလတ္တံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင်အလယ်၌ ပျံဝဲ၍ ကြီးသောအသံနှင့် ဆိုသည်ကို ငါကြား၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်အလယ်၌ ပျံဝဲနေသည့် လင်းယုန်ငှက်တစ်ကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုလင်းယုန်က “ကျန်ရှိသောကောင်းကင်တမန်သုံးပါးတို့၏ တံပိုးခရာမှုတ်တော့မည့်အသံကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်” ဟုကျယ်လောင်စွာ ကြွေးကြော်သည်ကို ကျွန်ုပ်ကြားရ၏။ |
တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
ထိုလက်သည်စာလိပ်ကိုဖြန့်လိုက်သောအခါ နှစ်ဖက်စလုံး၌စာများရေးသားထားသည် ကိုငါမြင်ရ၏။ ထိုစာလိပ်နှစ်ဖက်စလုံးတွင် ဝမ်းနည်းပူဆွေးညည်းတွားမြည်တမ်းစကား များပါရှိသတည်း။
ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
ဒုတိယအမင်္ဂလာကားကုန်လွန်သွားလေပြီ။ တတိယအမင်္ဂလာသည်မကြာမီလာ လိမ့်မည်။
သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။
ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။-
ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။-
ထိုနောက်နေကိုကြည့်လိုက်သောအခါ၊ နေထဲ တွင်ကောင်းကင်တမန်တစ်ပါးရပ်လျက်နေသည် ကိုငါမြင်ရ၏။ သူသည်ကောင်းကင်အလယ်တွင် ပျံသန်းနေသောငှက်အပေါင်းတို့အား``လာကြ၊ ဘုရားသခင်၏စားပွဲတော်ကြီးသို့စုဝေး ကြလော့။-
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
ထိုနောက်ဘုရားသခင်၏ရှေ့တော်တွင်ရပ် လျက်နေသည့် ကောင်းကင်တမန်ခုနစ်ပါး ကိုငါမြင်ရ၏။ သူတို့အားတံပိုးခရာ ခုနစ်ခုကိုပေးအပ်၏။
ထိုနောက်ပဉ္စမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ကောင်းကင်မှကမ္ဘာမြေ ပေါ်သို့ကြယ်တစ်လုံးကြွေကျလာသည်ကို ငါမြင်ရ၏။ ထိုကြယ်အားတွင်းနက်ကြီး၏ တံခါးသော့ကိုပေးအပ်ထား၏။-
အမင်္ဂလာတစ်ပါးကုန်လွန်သွားလေပြီ။ ထိုနောက် မှအမင်္ဂလာနှစ်ပါးလာဦးမည်။