ဗျာဒိတ် 8:2 - Common Language Bible2 ထိုနောက်ဘုရားသခင်၏ရှေ့တော်တွင်ရပ် လျက်နေသည့် ကောင်းကင်တမန်ခုနစ်ပါး ကိုငါမြင်ရ၏။ သူတို့အားတံပိုးခရာ ခုနစ်ခုကိုပေးအပ်၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ဘု ရား သ ခင့် ရှေ့ ခ စား သော စေ တ မန် တော် ခု နစ် ပါး တို့ သည် တံ ပိုး ခု နစ် လက် ရ ကြ သည် ကို ငါ မြင် ရ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ဘုရားသခင့်ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ သူတို့အား တံပိုးခရာခုနစ်ခုကိုပေးထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါးကို ကျွန်ုပ်မြင်ရ၏။ ဘုရားသခင်သည် သူတို့အားတံပိုးခရာခုနစ်ခုကို ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။
သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
ထိုနောက်ငါကြည့်လိုက်သောအခါကောင်းကင် အလယ်တွင် ပျံဝဲလျက်နေသောလင်းယုန်ငှက် တစ်ကောင်ကိုမြင်ရ၏။ ထိုငှက်က``အခြားကောင်း ကင်တမန်သုံးပါးမှုတ်ကြမည့်တံပိုးခရာသံ သုံးချက်ကြောင့်ကမ္ဘာမြေပေါ်ရှိသတ္တဝါတို့ သည်အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြ လိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်'' ဟုအသံ ကျယ်စွာပြောဆိုနေသည်ကိုငါကြားရ၏။