ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။ တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။
ဗျာဒိတ် 4:9 - Common Language Bible ပလ္လင်ပေါ်တွင်စံတော်မူ၍ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောအရှင်၏ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းအသရေတော်တို့ကိုထိုသတ္တဝါ တို့ချီးကူးကြသည့်အခါတိုင်း၊- Garrad Bible ထို သို့ က မ္ဘာ အ ဆက် ဆက် အ သက် ရှင် လျက် ပ လ္လင် တော့် ထက် စံ တော် မူ သော အ ရှင်၏ ဘုန်း တော်၊ ဂုဏ် တော်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ သည့် အ ခါ တိုင်း၊ Judson Bible ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည် ချီးမွမ်းကြသောအခါ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်၏ဘုန်းတော်၊ ဂုဏ်တော်နှင့် ကျေးဇူးတော်တို့ကို သတ္တဝါလေးပါးတို့သည် ချီးမွမ်းကြသောအခါ ခေတ်သစ်မြန်မာ သမ္မာကျမ်း အစဉ်ထာဝရအသက်ရှင်တော်မူပြီး ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်၏ ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ကျေးဇူးတော်တို့ကို ဤသတ္တဝါတို့က ချီးမွမ်းကြ၏။ ထိုသို့ချီးမွမ်းကြသည့်အခါတိုင်း |
ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။ တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။
သြဇိမင်းနတ်ရွာစံသောနှစ်၌ငါသည်ထာဝရဘုရားကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့်ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ဗိမာန်တော်တစ်ခုလုံးသည်လည်းကိုယ်တော်၏ဝတ်ရုံတော်နှင့်ပြည့်၍နေ၏။-
ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။
မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်း ငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။-
ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူ၍မိုး၊ မြေ၊ ပင်လယ်မှစ၍အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၏နာမ တော်ကိုတိုင်တည်လျက်``နောက်ထပ်နှောင့်နှေး ကြန့်ကြာမှုရှိမည်မဟုတ်။ ဘုရားသခင် သည်မိမိ၏အစေခံပရောဖက်တို့အား ဗျာဒိတ်ပေးတော်မူခဲ့သည်နှင့်အညီ၊-
သက်ရှိသတ္တဝါလေးပါးအနက်တစ်ပါးသည် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်၏အမျက်တော်ပြည့်လျက်ရှိ သည့် ရွှေဖလားခုနစ်လုံးကိုကောင်းကင်တမန် ခုနစ်ပါးတို့အားပေးအပ်၏။-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။-
ချက်ချင်းပင်ဝိညာဉ်တော်သည်ငါ့အပေါ်သို့ သက်ရောက်လာလေသည်။ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင်ထိုင်နေ တော်မူသောအရှင်တစ်ပါးရှိသည်။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။-
ထိုသူတို့ကတောင်များ၊ ကျောက်ဆောင်များ အား``ငါတို့အပေါ်သို့ပြိုကျလျက်ပလ္လင်တော် ပေါ်တွင်စံတော်မူသောအရှင်၏မျက်နှာတော် ကိုမမြင်ရစေရန်နှင့်သိုးသူငယ်တော်၏ အမျက်တော်မသင့်ကြစေရန်ငါတို့အား ဖုံးကွယ်၍ထားကြပါ။-
ထိုကြောင့်သူတို့သည်ဘုရားသခင်၏ပလ္လင် တော်ရှေ့သို့ရောက်ရှိ၍ ကိုယ်တော်၏ဗိမာန် တော်တွင်နေ့ညဥ့်မပြတ်ဝတ်ပြုနေခြင်း ဖြစ်၏။ ပလ္လင်တော်ပေါ်စံနေတော်မူသော အရှင်သည်လည်းသူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။-