ဆာလံ 47:8 - Common Language Bible8 ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။ တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ဘု ရား သ ခင် သည် လူ မျိုး ခြား တို့ အ ပေါ် ၌ စိုး စံ တော် မူ ၏။ ဘု ရား သ ခင် သည်၊ သန့် ရှင်း သော ရာ ဇ ပ လ္လင် တော့် ထက် စံ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဘုရားသခင်သည် လူမျိုးတကာတို့ကိုစိုးစံတော်မူ၏။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသော ပလ္လင်တော်ပေါ်၌ထိုင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။