သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
ဗျာဒိတ် 3:8 - Common Language Bible သင်ပြုသည့်အမှုကိုငါသိ၏။ သင်သည် ခွန်အားစွမ်းရည်အနည်းငယ်သာရှိသော် လည်း ငါ့သြဝါဒကိုလိုက်နာကာငါ၏ သစ္စာကိုစောင့်ခဲ့ကြောင်းငါသိ၏။ သင်၏ ရှေ့၌တံခါးကိုငါဖွင့်ထားပြီ။ ထိုတံခါး ကိုအဘယ်သူမျှမပိတ်နိုင်ရာ။- Garrad Bible မည် သူ မျှ မ ပိတ် နိုင် သော တံ ခါး ကို သင့် ရှေ့ မှာ ငါ ဖွင့် ထား ပြီ။ သင့် အ ကျင့် အ ကြံ များ ကို လည်း ကောင်း၊ အ စွမ်း သ တ္တိ အ နည်း ငယ် ရှိ လျက် ပင် ငါ့ နာ မ ကို မ ငြင်း ဆို ဘဲ ငါ့ တ ရား ကို စောင့် ရှောက် ခဲ့ ကြောင်း ကို လည်း ကောင်း ငါ သိ ၏။ Judson Bible သင်၏အကျင့်ကို ငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်းမူကား၊ သင်သည် အနည်းငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ ကြည့်ရှုလော့။ မည်သူမျှမပိတ်နိုင်သောတံခါးကို သင်၏ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား သင်သည် ခွန်အားအနည်းငယ်သာရှိသော်လည်း ငါ၏နှုတ်ကပတ်တရားကိုလိုက်နာစောင့်ထိန်း၍ ငါ၏နာမကိုမငြင်းပယ်ခဲ့ချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အားနည်းသော်လည်း ငါ၏သွန်သင်ချက်ကို လိုက်နာ၍ ငါ၏တပည့်တော်ဖြစ်ကြောင်းကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်ရှေ့မှာ တံခါးကို ငါဖွင့်ထားပြီ။ ထိုတံခါးကို မည်သူမျှမပိတ်နိုင်။ |
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
ဘုရားသခင်၏လူမျိုးတော်ဘက်သို့ဝင်ရောက် လာသူတို့မှာအများအားဖြင့် ကိုယ်ကျိုးရှာ လိုသူများပင်ဖြစ်သော်လည်းကိုယ်တော်၏ လူမျိုးတော်သည် ထိုသူတို့ထံမှအထောက် အကူအနည်းငယ်ကိုရရှိကြမည်။-
ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သောသူကို လူသားသည်ဘုရားသခင်၏ကောင်းကင် တမန်တို့ရှေ့တွင်ပစ်ပယ်လိမ့်မည်။
ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။-
``ဤလောကထဲမှရွေးချယ်၍အကျွန်ုပ်လက် သို့ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည်ကိုယ်တော်ရှင့်အကြောင်းကို ကြားသိစေပါပြီ။ ထိုသူတို့ကိုကိုယ်တော် ပိုင်သဖြင့် အကျွန်ုပ်အားပေးအပ်တော်မူပါ ပြီ။ သူတို့သည်ကိုယ်တော်၏နှုတ်ကပတ် တရားတော်ကိုလိုက်နာကြပါပြီ။-
အန္တိအုတ်မြို့သို့ရောက်သောအခါ သူတို့သည် အသင်းတော်ဝင်တို့ကိုစုရုံးစေလျက် မိမိ တို့အားဖြင့်ဘုရားသခင်ပြုတော်မူခဲ့သမျှ သောအမှုအရာတို့ကိုလည်းကောင်း၊ လူမျိုး ခြားတို့ယုံကြည်လာစေရန်ကိုယ်တော်လမ်း ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်းပြန် ကြားကြ၏။-
ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။
ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။-
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
ဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။-
မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။
ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။-
အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။
အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။-
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
သခင်ယေရှုက``နားထောင်လော့။ ငါသည်မကြာ မီကြွလာမည်။ ဤကျမ်းစောင်တွင်ပါရှိသည့် ပရောဖက်စကားများကို လိုက်လျှောက်သော သူတို့သည်မင်္ဂလာရှိ၏'' ဟုမိန့်တော်မူ၏။
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-