၁ ကော 16:9 - Common Language Bible9 ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အကြောင်းမူကား ထိရောက်မှုရှိသောအမှုတော်လုပ်ငန်းအတွက် ကြီးမားသောတံခါးသည် ငါ့အတွက်ပွင့်လျက်ရှိ၍ ဆန့်ကျင်သောသူလည်း များစွာရှိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ဤမြို့တွင် ထိရောက်စွာ အမှုတော်ဆောင်နိုင်ရန်အတွက် အခွင့်အရေးတံခါးကြီးသည် ပွင့်လျက်ရှိ၏။ ကျွန်ုပ်ကို ဆန့်ကျင်သောသူများလည်း ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
ငါတို့ဆင်းရဲဒုက္ခခံရကြလျှင်သင်တို့နှစ် သိမ့်မှုနှင့် ကယ်တင်ခြင်းကိုခံယူရရှိကြစေ ရန်အတွက်ဖြစ်၏။ နှစ်သိမ့်မှုကိုငါတို့ရရှိ ကြပါလျှင် သင်တို့သည်လည်းငါတို့နည်း တူနှစ်သိမ့်မှုကိုရရှိလျက် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကိုသည်းခံသောစိတ်နှင့် ခံနိုင်သောခွန်အားရရှိကြ၏။-