ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
ဗျာဒိတ် 21:19 - Common Language Bible မြို့ရိုးအုတ်မြစ်များကိုကျောက်မျက်ရတနာ အမျိုးမျိုးတို့ဖြင့်ခြယ်လှယ်ထား၏။ ပထမအုတ် မြစ်မှာနဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာမဟူရာ၊ စတုတ္ထ အုတ်မြစ်မှာမြ၊- Garrad Bible မြို့ ရိုး အောက် ခံ များ ကို ကျောက် မျက် အ မျိုး မျိုး နှင့် ချယ် လှယ်၍ ပ ထ မ အောက် ခံ စိန်၊ ဒု တိ ယ ကျောက် ပြာ၊ တ တိ ယ ဆီး၊ စ တု တ္ထ မြ၊ Judson Bible မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကား မြ၊- မြန်မာ့စံမီသမ္မာကျမ်း မြို့ရိုး၏အုတ်မြစ်တို့ကို ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် တန်ဆာဆင်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့ရိုးအုတ်မြစ်များကို ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် အလှဆင်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာ မဟူရာ၊ စတုတ္ထအုတ်မြစ်မှာ မြ၊ |
ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
ထိုမြို့သည်ဘုရားသခင်၏ဘုန်းအသရေတော် နှင့်ထွန်းလင်း၍ကျောက်သလင်းသဖွယ်ကြည်လင် သည့်နဂါးသွဲ့ကျောက်မျက်ရတနာကဲ့သို့ အရောင်အဝါတောက်ပလျက်နေ၏။-
ထိုအရှင်၏မျက်နှာတော်သည်နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်ကဲ့သို့တောက်ပ၏။ ပလ္လင်၏ပတ် လည်တွင်မြရောင်ပြေးနေသောသက်တန့်တည် လျက်ရှိ၏။-