ယေဇကျေလ 28:13 - Common Language Bible13 ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ဧ ဒင် ခေါ်၊ ဘု ရား သ ခင့် ဥ ယျာဉ် တော်၌ ရှိ နေ ရာ၊ သင့် ကို ဖန် ဆင်း ထား သော နေ့ ရက် တွင်၊ ပြင် ဆင် တော် မူ နှင့် သည့် အ လျောက်၊ ကျောက် အိမ်၊ ကျောက် အိုး ဖြစ် သော ရွှေ ထည်၌ စီ သော၊ ပ တ္တ မြား၊ ဥဿ ဖ ယား၊ ကြောင်၊ မျက် ရွဲ၊ မ ဟူ ရာ၊ န ဂါး သွဲ့၊ ကျောက် ပြာ၊ ဆီး၊ မြ၊ ကျောက် မျက် အ မျိုး မျိုး နှင့် ဆင် ယင် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible13 ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသောကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်းလေ၏။ ရွှေဖြင့်လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဖွားသောနေ့၌ပင် သင့်အဖို့ ပြင်ဆင်လျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။ အခန်းကိုကြည့်ပါ။ |
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။-
ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-)