ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။-
ဗျာဒိတ် 13:14 - Common Language Bible သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။- Garrad Bible သား ရဲ ရှေ့ တွင် ပြ ရ သော နိ မိတ် များ ဖြင့် မြေ ကြီး ပေါ် မှာ နေ ထိုင် သူ တို့ ကို လှည့် ဖြား၍ ဓား ဒဏ် ချက် ခံ ပြီး ရှင် သေး သော သား ရဲ၏ရုပ် ပုံ လုပ် ကြ စေ ဟု အ မိန့် ရှိ ပြီး လျှင်၊ Judson Bible ပထမသားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ဓားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှာ မြေကြီးသားတို့ကို မှာထား၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ပထမသားရဲရှေ့၌ ပြုခွင့်ရရှိထားသောနိမိတ်လက္ခဏာများအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူအားလုံးတို့ကိုလှည့်ဖြား၍ ဓားဒဏ်ရာရှိသော်လည်း အသက်ရှင်ခဲ့သောသားရဲ၏ရုပ်တုကိုပြုလုပ်ရန် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့အားစေခိုင်း၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ပထမသားရဲ ကိုယ်စား ပြခွင့်ရသည့် နိမိတ်လက္ခဏာများဖြင့် ဤကမ္ဘာလောက၌ နေထိုင်ကြသောလူအပေါင်းတို့ကို လှည့်ဖြား၏။ ဓားဒဏ်ရာရထားသော်လည်း အသက်ရှင်သေးသော ပထမသားရဲ၏ ရုပ်တုကို ပြုလုပ်ရန် လူတို့အား အမိန့်ပေး၏။ |
ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။-
သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။
ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။
တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
ထိုအခါဘုရင်သည်သူ၏ပညာရှိများနှင့် မှော်ဆရာများကိုဆင့်ခေါ်၍၊ သူတို့သည် မှော်အတတ်ဖြင့်အလားတူပညာစွမ်းကို ပြကြ၏။-
သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
``ပရောဖက်သည်ဖြားယောင်းခြင်းခံရ၍ ပရောဖက်ပြုသည်ဆိုအံ့။ ထိုသူအားငါ ထာဝရဘုရားဖြားယောင်းခြင်းပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်လျက် သူ့အားတိုက်ခိုက် ၍ဣသရေလအမျိုးသားတို့ထဲမှဖယ် ရှားမည်။-
သင်သည်ငါပေးသည့် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာအချို့ကိုလည်းယူ၍ ယောကျာ်း ရုပ်ပွားများပြုလုပ်ပြီးလျှင်ယင်းတို့ နှင့်မှားယွင်း၏။-
ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။-
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
ထိုနောက်ပင်လယ်ထဲမှဦးချိုဆယ်ချောင်း နှင့်ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ် ကောင်တက်လာသည်ကိုငါမြင်ရ၏။ သူ၏ ဦးချိုတစ်ချောင်းစီတွင်သရဖူဆောင်းထား ၏။ သူ၏ဦးခေါင်းတစ်လုံးစီပေါ်၌လည်း ဘုရားသခင်၏အသရေတော်ကိုရှုတ်ချ သည့်အမည်နာမကိုရေးသားထား၏။-
ထိုရုပ်တုသည်စကားပြောနိုင်ရန်လည်း ကောင်း၊ မိမိအားမရှိခိုးသူအပေါင်းတို့ အားသေစေနိုင်ရန်လည်းကောင်း ဒုတိယ သားရဲသည်ထိုရုပ်တုကိုအသက်သွင်း ပေးခွင့်ကိုလည်းရ၏။-
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
ထိုမီးလျှံမှမီးခိုးသည် ထာဝစဉ်အထက် သို့တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကို ရှိခိုး၍ သားရဲ၏နာမည်တံဆိပ်နှိပ်ခြင်းခံရ သူအပေါင်းတို့သည် နေ့ရောညဥ့်ပါသက်သာ ရာရလိမ့်မည်မဟုတ်'' ဟုအသံကျယ်စွာ ကြွေးကြော်လေ၏။
ထိုနောက်တတိယကောင်းကင်တမန် ပေါ်လာ လျက် ``သားရဲနှင့်သူ၏ရုပ်တုကိုရှိခိုး၍ မိမိ ၏နဖူးသို့မဟုတ်လက်တွင် ထိုသားရဲ၏ အမှတ်တံဆိပ်ကိုရိုက်နှိပ်ထားသောသူသည်၊-
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
ထိုနောက်ငါသည်ဖားနှင့်တူသည့်ညစ်ညမ်းသော နတ်သုံးပါးကိုတွေ့မြင်ရ၏။ သူတို့သည်နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့၏ခံတွင်းအသီး သီးမှထွက်လာကြ၏။-
ပထမကောင်းကင်တမန်သည်သွား၍ မိမိ ဖလားမှအမျက်တော်ကိုကမ္ဘာမြေပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏အမှတ် တံဆိပ်ခတ်နှိပ်ခြင်းခံရသူများနှင့် သူ၏ ရုပ်ကိုရှိခိုးသောသူတို့တွင်အလွန်ဆိုးရွား သောအနာစိမ်းများပေါက်လေ၏။
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-
သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။
သူတို့အားမှောက်မှားလမ်းလွဲစေသူစာတန် သည်လည်း ကန့်မီးအိုင်ထဲသို့ပစ်ချခြင်းကို ခံရလေ၏။ ထိုအိုင်ထဲသို့သားရဲနှင့်မိစ္ဆာပရော ဖက်တို့ပစ်ချခြင်းခံရပြီးဖြစ်သည်။ သူတို့ သည်ကမ္ဘာအဆက်ဆက်နေ့ရောညဥ့်ပါ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကြလတ္တံ့။
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-