ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။-
ဗျာဒိတ် 13:13 - Common Language Bible ဒုတိယသားရဲသည်အံ့သြဖွယ်နိမိတ်လက္ခ ဏာများကိုပြ၏။ လူအပေါင်းတို့မျက်မှောက် ၌ကောင်းကင်မှကမ္ဘာမြေပေါ်သို့မီးများ ကျလာစေ၏။- Garrad Bible လူ တို့ မျက် မှောက် တွင် ကောင်း ကင် က မြေ ကြီး သို့ လောင် မီး ကျ ခြင်း မှ စ သော မ ဟာ နိ မိတ် များ ကို ပြ ရာ၊ Judson Bible ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်း ပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် နိမိတ်လက္ခဏာကြီးများကို ပြလျက် လူအပေါင်းတို့ရှေ့တွင် ကောင်းကင်ဘုံမှ မီးကိုပင် မြေကြီးပေါ်သို့ ကျစေ၏။ |
ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။-
သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။-
မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။
အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။-
ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။-
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
မေရှိယအတုအယောင်များနှင့်ပရောဖက် အတုအယောင်များပေါ်လာလိမ့်မည်။ သူတို့ သည်ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ် ထားသူများကိုပင်လှည့်စားနိုင်ရန် အံ့သြဖွယ် အမှုအရာများနှင့်နိမိတ်လက္ခဏာများကို ပြကြလိမ့်မည်။-
ယန္နေနှင့်ယံဗြေတို့သည်မောရှေကိုဆန့်ကျင် ဖက်ပြုသကဲ့သို့ ထိုလူစုတို့သည်လည်းသမ္မာ တရားတော်ကိုဆန့်ကျင်ဘက်ပြုကြ၏။ သူ တို့သည်စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ ယုံကြည်ခြင်းပျက်ပြယ်သူများဖြစ်ပေသည်။-
တစ်စုံတစ်ယောက်သောသူသည်ထိုသက်သေ ခံနှစ်ပါးအားအန္တရာယ်ပြုလျှင် သူတို့၏ခံ တွင်းမှမီးလျှံများထွက်၍ထိုသူ့ကိုကျွမ်း လောင်စေလေသည်။ သူတို့အားအန္တရာယ်ပြု ကြရန်ကြိုးစားသူမှန်သမျှပင် ဤနည်း အတိုင်းသေကြရမည်သာဖြစ်၏။-
သူတို့သည်နိမိတ်လက္ခဏာများကိုပြနိုင်သော နတ်မိစ္ဆာများ၏ဝိညာဉ်များဖြစ်ကြ၏။ အနန္တ တန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲသို့ ဝင်ရန် ကမ္ဘာတစ်ဝန်းလုံးရှိရှင်ဘုရင်များအား စုရုံးခြင်းငှာသူတို့သည်ထွက်ခွာသွားကြ၏။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-
သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။-