ငါ၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်သည် သားဖွားခြင်းဝေဒနာကိုလုံးဝမခံရ ဘဲ ရုတ်တရက်သားရတနာကိုဖွားမြင် သည့်မိခင်နှင့်တူ၏။-
ဗျာဒိတ် 12:5 - Common Language Bible ထိုနောက်ထိုအမျိုးသမီးသည်လူမျိုးတကာ တို့ကို သံလှံတံဖြင့်အုပ်စိုးမည့်သားယောကျာ်း ကိုဖွားမြင်လေသည်။ သို့ရာတွင်ထိုသားငယ် သည်သူ၏မိခင်ထံမှဘုရားသခင်စံတော် မူရာပလ္လင်တော်သို့ချီယူခြင်းကိုခံရ၏။- Garrad Bible လူ အ မျိုး မျိုး ကို သံ လှံ တံ နှင့် အုပ် စိုး ရ မည့် သား ယောကျ်ား ဖွား မြင် ရာ သူ ငယ် သည် ဘု ရား သ ခင် စံ တော် မူ သော ပ လ္လင် တော် တိုင် အောင် ပင် ချီ ဆောင် ခံ ရ သော်၊ Judson Bible ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့်အုပ်ထိန်းရမည့် သားယောက်ျားကိုဖွားမြင်၏။ ထိုသားသည် ဘုရားသခင်အထံတော်သို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီဆောင်ခြင်းကိုခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့် အုပ်စိုးမည့် သားယောက်ျားကို မွေးဖွား၏။ ထိုသားငယ်သည် ဘုရားသခင်ထံသို့လည်းကောင်း၊ ကိုယ်တော်၏ ရာဇပလ္လင်တော်ပေါ်သို့လည်းကောင်း ချီယူသွားခြင်းခံရ၏။ |
ငါ၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်သည် သားဖွားခြင်းဝေဒနာကိုလုံးဝမခံရ ဘဲ ရုတ်တရက်သားရတနာကိုဖွားမြင် သည့်မိခင်နှင့်တူ၏။-
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။ အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍မိခင်သားဖွားသည့်အချိန်တိုင် အောင် ထာဝရဘုရားသည်မိမိ၏လူမျိုး တော်ကို ရန်သူတို့၏လက်တွင်း၌စွန့်ပစ် ထားတော်မူလိမ့်မည်။ ထိုနောက်ပြည်နှင် ဒဏ်သင့်သူတို့သည် မိမိတို့၏သားချင်း တို့နှင့်ပြန်လည်ပေါင်းစည်းရကြလိမ့် မည်။-
သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။
ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-
ခရစ်တော်၏တပည့်တော်တစ်ဦးသည်လွန်ခဲ့ သောတစ်ဆယ့်လေးနှစ်ကကောင်းကင်ဘုံ တတိယအဆင့်သို့တိုင်အောင်ချီဆောင် ခြင်းကိုခံရသည်ကိုငါသိ၏။ (ဤသို့ ချီဆောင်ခြင်းခံရသည်မှာတကယ့်ဖြစ် ပျက်သလား၊ သို့မဟုတ်ရူပါရုံလားငါ မသိ။ ဘုရားသခင်သာလျှင်သိတော်မူ၏။-)
ထိုနောက်ပရောဖက်နှစ်ပါးတို့သည်``ဤအရပ် သို့တက်ခဲ့လော့'' ဟုကောင်းကင်မှမိမိတို့ အားကျယ်စွာပြောသောအသံကိုကြားကြ ရ၏။ သူတို့သည်ရန်သူများစောင့်ကြည့်နေ စဉ် မိုးတိမ်တိုက်ကိုစီး၍ကောင်းကင်သို့တက် သွားကြ၏။-
မိမိသည်ကမ္ဘာမြေပေါ်သို့ပစ်ချခြင်းခံရ သည်ကိုနဂါးသိသောအခါ သားယောကျာ်း လေးဖွားမြင်သူအမျိုးသမီးအားလိုက် ၍ဖမ်းလေ၏။-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-