Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 12:2 - Common Language Bible

2 သူ​သည်​မ​ကြာ​မီ​သား​ဖွား​မည်​ဖြစ်​၍​သား ဖွား​ခြင်း​ဝေ​ဒ​နာ​ဖြင့်​အော်​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ထို​မိန်း​မ​သည် ကိုယ်​ဝန်​ဆောင်၍ ဖွား​အံ့​သော ဝေ​ဒ​နာ ပြင်း​သော​ကြောင့် အော်​ဟစ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထို​အမျိုးသမီး​သည် ကိုယ်ဝန်ဆောင်​၍ သားဖွား​ခြင်း​ဝေဒနာ​ကြောင့် အော်ဟစ်​လျက် သားဖွား​ရန်​မချိမဆံ့​ခံစား​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို​အမျိုးသမီး​သည် ကိုယ်ဝန်ဆောင်​ဖြစ်ပြီး မီးဖွား​တော့မည့် ဝေဒနာ​ကြောင့် အော်ဟစ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 12:2
12 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​အော်​ဟစ်​စေ​တော် မူ​ပါ​ပြီ။


သူ​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရာ​မှ​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။ မိ​မိ​ခံ​စား​ခဲ့​ရ​သည့်​ဝေ​ဒ​နာ​မှာ​အ​ချည်း​နှီး မ​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​လာ​လိမ့်​မည်။ သူ​သည်​ငါ​၏​အ​စေ​ခံ​သူ​တော်​ကောင်း​ဖြစ်​၏။ လူ​အ​များ​၏​အ​ပြစ်​ဝန်​ကို​ထမ်း​ဆောင်​လျက်၊ ထို​ဆောင်​ရွက်​မှု​ကြောင့်​ထို​သူ​တို့​အား အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို​ငါ​ပေး​မည်။


အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​သား​သ​မီး​မ​ရ သည့် အ​မျိုး​သ​မီး​နှင့်​တူ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​၍​ကြွေး​ကြော်​နိုင်​လေ​ပြီ။ ယ​ခု​သင်​သည်​ခင်​ပွန်း​ဖြစ်​သူ​၏​စွန့်​ပစ်​မှု​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ခံ​ရ​ဘူး​သည့် အ​မျိုး​သ​မီး​ထက်​ပင်​ပို​၍​သား​သ​မီး​များ​ကို ရ​ရှိ​ပေ​လိမ့်​မည်။


နား​ထောင်​ကြ​လော့။ မြို့​ထဲ​မှ​အုတ်​အုတ်​ကျက် ကျက်​ဖြစ်​နေ​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​မှ အ​သံ​သည်​ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​နေ​သော​အ​သံ​ပင်​ဖြစ်​ပါ သည်​တကား။


သင်​သည်​အ​ဘယ်​ကြောင့်​ကျယ်​လောင်​စွာ အော်​ဟစ်​ရ​ပါ​သ​နည်း။ မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​အ​ဘယ်​ကြောင့်​ဝေ​ဒ​နာ​ခံ​နေ​ရ ပါ​သ​နည်း။ သင်​၌​အုပ်​စိုး​မည့်​ရှင်​ဘု​ရင် မ​ရှိ​သော​ကြောင့်​လော၊ သင်​၏​အ​တိုင်​ပင် ခံ​များ​အ​နိစ္စ​ရောက်​ကုန်​ကြ​သော​ကြောင့် လော။-


သို့​ဖြစ်​၍​မိ​ခင်​သား​ဖွား​သည့်​အ​ချိန်​တိုင် အောင် ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​ကို ရန်​သူ​တို့​၏​လက်​တွင်း​၌​စွန့်​ပစ် ထား​တော်​မူ​လိမ့်​မည်။ ထို​နောက်​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် မိ​မိ​တို့​၏​သား​ချင်း တို့​နှင့်​ပြန်​လည်​ပေါင်း​စည်း​ရ​ကြ​လိမ့် မည်။-


ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။


အ​မျိုး​သ​မီး​တစ်​ဦး​သည်​မီး​ဖွား​ချိန်​ရောက် သော​အ​ခါ​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ​စား​ရ​၏။ မီး ဖွား​ပြီး​သော​အ​ခါ​၌​မူ​ကား​လော​က​သို့​လူ တစ်​ယောက်​ဖွား​မြင်​လာ​သ​ဖြင့် မိ​မိ​ခံ​စား ခဲ့​ရ​သော​ဝေ​ဒ​နာ​ကို​သ​တိ​မ​ရ​တော့​ပေ။-


ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က၊ ``အ​ချင်း​မိန်း​မ​မြုံ၊ သင်​သည်​ကိုယ်​ဝန်​မ​ဆောင်​ဘူး​သော်​လည်း ရွှင်​လန်း​ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​ဘူး​သော်​လည်း ကြွေး​ကြော်​အော်​ဟစ်​လော့။ လင်​ယောကျာ်း​စွန့်​ပစ်​၍​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက်​ပင်​ပို​၍​သား​သ​မီး များ​ကို ရ​ရှိ​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​ဖြစ်​၏။


သူ​သည်​မိုး​ကောင်း​ကင်​က​ကြယ်​တာ​ရာ​သုံး​ပုံ တစ်​ပုံ​ကို မိ​မိ​အ​မြီး​ဖြင့်​ဆွဲ​ငင်​ကာ​ကမ္ဘာ​မြေ ပေါ်​သို့​ပစ်​ချ​လိုက်​၏။ နဂါး​ကြီး​သည်​သား​ဖွား အံ့​ဆဲ​ဆဲ​ဖြစ်​သော​အ​မျိုး​သ​မီး​၏​ရှေ့​တွင် ရပ်​လျက် ထို​အ​မျိုး​သ​မီး​သား​ဖွား​သည်​နှင့် တစ်​ပြိုင်​နက်​သား​ငယ်​ကို​စား​မျို​ရန်​စောင့် ၍​နေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ