Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 11:12 - Common Language Bible

12 ထို​နောက်​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်``ဤ​အ​ရပ် သို့​တက်​ခဲ့​လော့'' ဟု​ကောင်း​ကင်​မှ​မိ​မိ​တို့ အား​ကျယ်​စွာ​ပြော​သော​အ​သံ​ကို​ကြား​ကြ ရ​၏။ သူ​တို့​သည်​ရန်​သူ​များ​စောင့်​ကြည့်​နေ စဉ် မိုး​တိမ်​တိုက်​ကို​စီး​၍​ကောင်း​ကင်​သို့​တက် သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ကောင်း ကင် ဘုံ မှ ဤ သို့ တက် ခဲ့ ကြ လော့ ဟု ကျယ် သော အ မိန့် သံ ကို ကြား ကြ ရာ တိမ် တိုက် စီး လျက် တက် သွား သည် ကို ရန် သူ တို့ မြင် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ကောင်း​ကင်​က​ထွက်​သော အ​သံ​ကြီး​ကား၊ ဤ​အ​ရပ်​သို့ တက်​ကြ​လော့​ဟု မိ​မိ​တို့​အား ပြော​ဆို​သည်​ကို သူ​တို့​သည်​ကြား​လျှင်၊ မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့ တက်၍ ရန်​သူ​တို့​သည် မြင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုအခါ ကောင်းကင်​မှ​ကြီး​သော​အသံ​က “ဤ​အရပ်​သို့​တက်​လာ​ခဲ့​ကြ​လော့”​ဟု ထို​သူ​နှစ်ဦး​တို့​အား​ဆို​သည်​ကို ကြား​လျှင် သူ​တို့​သည် မိုးတိမ်​ဖြင့် ကောင်းကင်​သို့​တက်​သွား​ကြ​၏။ သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ကြည့်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ထိုအခါ ကောင်းကင်ဘုံ​မှ “ဤ​အရပ်​သို့ တက်လာလော့” ဟု ကျယ်လောင်သော​ခေါ်သံ​ကို ထို​ပရောဖက်​နှစ်ပါးတို့​ကြားရ၏။ ရန်သူတို့​သည် သူတို့​ကို​ကြည့်ရှု​စဉ်တွင် သူတို့​သည် မိုးတိမ်​ခြုံလွှမ်း​လျက် ကောင်းကင်​သို့ တက်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 11:12
21 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​အား​လေ​ပွေ​ဖြင့် ကောင်း​ကင်​ဘုံ​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​ယူ​တော်​မူ​ရန်​အ​ချိန် ကျ​ရောက်​လာ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ၊-


သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-


ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ထာ​ဝရ​ဘု​ရား​သည် ကိုယ်​တော်​၏​သ​ခင်​ကို​ကိုယ်​တော်​ထံ​မှ ယ​နေ့ ရုပ်​သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု မေး​ကြ​၏။ ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော့'' ဟု​ပြန်​၍​ဖြေ​ကြား​၏။


ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ထိ လိုက်​သွား​ကြ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​တို့​သည် မြစ်​အ​နီး​တွင်​ရပ်​တန့်​ကြ​သော​အ​ခါ ပ​ရော ဖက်​ငါး​ကျိပ်​တို့​သည်​မ​လှမ်း​မ​ကမ်း​တွင်​ရပ် လျက်​နေ​ကြ​၏။-


သူ​ယုတ်​မာ​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​သော​အ​ခါ​ဒေါ​သ​ထွက်​၍​အံ​သွား​ခဲ ကြိတ်​လျက် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လို​ဆန္ဒ​သည်​ပျက်​ပြား​ရ​လိမ့်​မည်။


အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့် မြတ်​သော ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​နိုင်​ပါ​မည်​နည်း။


ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ တက်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​နှစ်​သိမ့် မှု​နှင့် ကူ​ညီ​မ​စ​မှု​ပေး​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​သည် မြင်​ကြ​သော​အ​ခါ​အ​ရှက်​ရ​ကြ​ပါ လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။


သင်​သည်​မိုး​ကောင်း​ကင်​သို့​အ​ရောက်​တက်​၍ အ​မြင့်​ဆုံး​သော​ကြယ်​များ​၏​အ​ထက်​တွင် မိ​မိ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​ရန်​သံန္နိ​ဋ္ဌာန် ပြု​ခဲ့​၏။ သင်​သည်​နတ်​ဘု​ရား​တို့​စု​ဝေး​ရာ မြောက်​အ​ရပ်​ရှိ​တောင်​တော်​ပေါ်​တွင်​ဘု​ရင် တစ်​ပါး​ပီ​ပီ​ထိုင်​နေ​ရ​လိမ့်​မည်​ဟု​ထင်​မှတ် ခဲ့​၏။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။


မိုး​တိမ်​များ​ကဲ့​သို့​လည်း​ကောင်း၊အိပ်​တန်း​ပြန် ချိုး​ငှက်​များ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မျက်​နှာ​ပြင်​ကို​လျှပ်​၍​လာ​နေ​သော​သ​င်္ဘော​များ ကား​အ​ဘယ်​သင်္ဘော​များ​နည်း။


တစ်​ဖန်​တုံ​ငါ​၏​လူ​စု​သည်​သူ​တော်​ကောင်း နှင့် သူ​ယုတ်​မာ​တို့​တွေ့​ကြုံ​ခံ​စား​ရ​မှု​မ​တူ ပုံ​ကို​လည်း​ကောင်း၊ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် သူ​နှင့်​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​သူ​တို့ တွေ့​ကြုံ ခံ​စား​ရ​မှု​မ​တူ​ပုံ​ကို​လည်း​ကောင်း​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။-


ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​တ​မန်​တော်​တို့ ကြည့်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည်​ကောင်း​ကင် ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​နောက် မိုး​တိမ်​သည်​ကိုယ်​တော်​ကို​ဖုံး​ကွယ်​လေ​၏။


ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။-


ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​လူ​မျိုး​တ​ကာ တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​စိုး​မည့်​သား​ယောကျာ်း ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင်​ထို​သား​ငယ် သည်​သူ​၏​မိ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​စံ​တော် မူ​ရာ​ပလ္လင်​တော်​သို့​ချီ​ယူ​ခြင်း​ကို​ခံ​ရ​၏။-


ငါ​သည်​အောင်​မြင်​၍​ငါ့​ခ​မည်း​တော်​၏​ပလ္လင် ပေါ်​မှာ​ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သ​ကဲ့​သို့ အောင်​မြင်​သူ​အား​ပလ္လင်​ပေါ်​မှာ​ငါ​နှင့်​အ​တူ ထိုင်​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။


ထို​နောက်​ရူ​ပါ​ရုံ​တွင်​ကောင်း​ကင်​ဘုံ​တံ​ခါး​ပွင့် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။ ပ​ထ​မ​အ​ကြိမ် က​ငါ​ကြား​ရ​သော​တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သည့် အ​သံ​က``ဤ​အ​ရပ်​သို့​တက်​လာ​လော့။ နောင်​ဖြစ် ရ​မည့်​အ​မှု​အ​ရာ​တို့​ကို​ငါ​ပြ​မည်'' ဟု​ငါ့ အား​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ