ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
ဖိလိပ္ပိ 3:1 - Common Language Bible ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။- Garrad Bible အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ အ ရှင် ဘု ရား၌ ရွှင် လန်း ကြ လော့။ ဤ အ ကြောင်း အ ရာ များ ကို ငါ ထပ် မံ ရေး သည် မှာ ကိုယ် တိုင် ပင် ပန်း သည် မ ဟုတ်၊ သင် တို့ လုံ ခြုံ စေ ရန် ဖြစ် ၏။ Judson Bible ကြွင်းသေးသော စကားဟူမူကား၊ ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ်ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ။ သင်တို့မူကား လုံခြုံခြင်း ရှိကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း နောက်ဆုံးအနေဖြင့်ဆိုရလျှင် ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ဝမ်းမြောက်ကြလော့။ သင်တို့ထံသို့ တူညီသောအကြောင်းများကို ထပ်၍ရေးသားခြင်းသည် ငါ့အတွက် ပင်ပန်းစရာမဟုတ်ဘဲ သင်တို့အတွက် ဘေးဆီးရန်ကာဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ညီအစ်ကိုမောင်နှမတို့… သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများကို ယခုထပ်မံ၍ ရေးရခြင်းသည် ကျွန်ုပ်အတွက် အပန်းမကြီးပေ။ မှားယွင်းသောသွန်သင်မှုဘေးမှ သင်တို့ကို ပို၍ ကာကွယ်ရန် ဖြစ်၏။ |
ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။
သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့သည်ရှောလမုန်အားဘုရင်အဖြစ် ဖြင့်ဒုတိယအကြိမ်ကြေညာလေသည်။ သူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ဇာဒုတ်အားယဇ်ပုရောဟိတ် အဖြစ်ဖြင့်လည်းကောင်း၊ ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ဘိသိက် ပေးကြ၏။-
ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။
အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည် ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
ငါ၏ကျွန်တို့သည်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုရကြလျက် သင်တို့မူကားစိတ် နှလုံးကြေကွဲကျိုးပဲ့လျက်ငိုကြွေးရ ကြလိမ့်မည်။-
``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။ သင်တို့အားဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့ နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။
အို ဣသရေလပြည်သားတို့၊ဝမ်းမြောက်စွာ ကြွေးကြော်သီဆိုကြလော့။ အို ယေရုရှလင်မြို့သူ၊စိတ်နှလုံးအကြွင်းမဲ့ ရွှင်လန်းဝမ်းမြောက်လော့။
သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။ ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။ ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့ ကြံ့ခိုင်လျက်စပျစ်ရည်သောက်သူများကဲ့သို့ ပျော်ရွှင်လျက်နေလိမ့်မည်။ သူတို့၏သားမြေးများသည်ဤအောင်ပွဲကို ပြန်လည်သတိရကာ ထာဝရဘုရားပြုတော်မူခဲ့သည့်အမှု တော်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။
ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့် ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။
ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။
ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။
ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။-
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။-
နောက်ဆုံးဖော်ပြလိုသည်မှာ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာ ထောက်ထား၍တစ်ယောက်ကိုတစ်ယောက် ညီ ရင်းအစ်ကိုကဲ့သို့ချစ်ကြလော့။ ကြင်နာ သနားတတ်သောသဘော၊ နှိမ့်ချတတ်သော သဘောရှိကြလော့။-
အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။-
ငါ၏ချစ်ဆွေတို့၊ ဤစာသည်သင်တို့ထံသို့ ဒုတိယအကြိမ်ငါရေးလိုက်သောစာဖြစ်၏။ ငါသည်ဤစာနှစ်စောင်လုံး၌မြင့်မြတ် သန့်ရှင်းသူပရောဖက်များ အခါတစ်ပါးက ဟောကြားခဲ့သည့်စကားများကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ပေးအပ် ခဲ့သည့်ကယ်တင်ရှင်သခင်ဘုရား၏ပညတ် တော်ကိုလည်းကောင်း သင်တို့ကြည်လင်သော ဉာဏ်ဖြင့်နားလည်စေရန်ယင်းတို့ကိုပြန် လည်သတိရစေ၏။-
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။