တရားဟော 12:18 - Common Language Bible18 သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible18 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န၌ သာ၊ ရှေ့ တော် တွင် ပင် သား၊ သ မီး၊ ကျွန် ယော်က်ျား၊ ကျွန် မိန်း မ၊ ဂါ မ ဝါ သီ လေ ဝိ ဂိုဏ်း သား တို့ ပါ သုံး ဆောင် လျက် ပြု လေ ရာ ရာ၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ အား ရ ရွှင် လန်း ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသောလေဝိသားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကိုပြုရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။-