ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။
ဖိလိပ္ပိ 2:19 - Common Language Bible ငါသည်သင်တို့၏အကြောင်းသတင်းကောင်းကို ကြား၍ အားတက်လာစေရန်သခင်ဘုရားအလို တော်ရှိလျှင် တိမောသေကိုသင်တို့ထံသို့မကြာ မီစေလွှတ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။- Garrad Bible သို့ ရာ တွင် သင် တို့၏ အ ဖြစ် အ နေ ကို ငါ သိ သ ဖြင့် စိတ် သက် သာ ခွင့် ရ ခြင်း ငှာ တိ မော သေ ကို မ ကြာ မီ လွှတ် လိုက် မည် ဟု အ ရှင် ယေ ရှု ၌ ငါ အောက် မေ့ ၏။ Judson Bible သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အကြောင်းကို ကျွန်ုပ်ကြား၍ အားတက်လာရန် သခင်ယေရှု အလိုတော်ရှိလျှင် တိမောသေကို သင်တို့ထံသို့ မကြာမီ စေလွှတ်မည်ဟု ကျွန်ုပ်မျှော်လင့်ပါ၏။ |
ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။
ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။-
တစ်ဖန်ဟေရှာယက၊ ``ယေရှဲ၏သားမြေးတစ်ဦးသည်ပေါ်ထွန်း လာလိမ့်မည်။ သူသည်လူမျိုးခြားတို့ကိုအုပ်စိုးတော်မူမည် ဖြစ်၍၊ ထိုသူတို့သည်သူ့ကိုအားကိုးမျှော်လင့်ကြလိမ့်မည်'' ဟုဖော်ပြ၏။-
ငါ၏လုပ်ဖော်ဆောင်ဘက်တိမောသေနှင့်ယုဒ အမျိုးသားဖြစ်ကြသူလုကိ၊ ယာသုန်နှင့်သော သိပတရုတို့ကသင်တို့အားနှုတ်ဆက်လိုက် ကြ၏။
ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။-
ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
ထို့ကြောင့်သင်တို့သည်သူ့ကိုတစ်ဖန်တွေ့မြင်ရ သဖြင့်ဝမ်းမြောက်ကြစေရန်လည်းကောင်း၊ ငါ ၏ဝမ်းနည်းမှုကိုလည်းပပျောက်သွားစေရန် လည်းကောင်းသူ့အားသင်တို့ထံသို့စေလွှတ် ရန်ငါပို၍စိတ်အားထက်သန်လျက်ရှိ၏။-
ခရစ်တော်အကြောင်းသတင်းကောင်းကို ကြေညာရာတွင် ငါတို့နှင့်အတူဘုရား သခင်၏အမှုကိုဆောင်ရွက်သူ၊ ငါတို့ညီ တိမောသေအားသင်တို့ထံသို့စေလွှတ် လိုက်ကြ၏။ သင်တို့တွင်အဘယ်သူမျှ မိမိတို့ခံရသည့်ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယုံကြည်ခြင်းမယိမ်းမယိုင်ဘဲခိုင်မြဲစေ အံ့သောငှာ သင်တို့ကိုအားပေးတိုက်တွန်း နိုင်ရန်သူ့အားငါတို့ကိုစေလွှတ်လိုက်၏။ ညှဉ်းပန်းနှိပ်စက်မှုကိုငါတို့ခံရသည်မှာ ဘုရားသခင်၏အလိုတော်အရဖြစ် ကြောင်းသင်တို့ကိုယ်တိုင်သိကြ၏။-
ထို့ကြောင့်ငါသည်တိမောသေကိုစေလွှတ်လိုက် ၏။ ငါသည်မစောင့်ဆိုင်းနိုင်တော့သဖြင့် သင်တို့ ၏ယုံကြည်ခြင်းခိုင်မြဲသည်မခိုင်မြဲသည်ကို သိလို၍ သူ့ကိုစေလွှတ်လိုက်၏။ သင်တို့သည် မာရ်နတ်၏စုံစမ်းသွေးဆောင်ရာသို့လိုက်ပါ သဖြင့် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးဖြစ်မည်ကိုငါစိုးရိမ်မိ၏။
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
``ထာဝရဘုရားအလိုတော်ရှိလျှင်ငါတို့ သည်အသက်ရှင်၍ဤအမှုထိုအမှုကိုပြု ကြမည်'' ဟုသင်တို့ဆိုသင့်ကြ၏။-
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။