ဧဇရက``ငါတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု ကြလော့။ ကိုယ်တော်သည်မင်းကြီးအား ယေရု ရှလင်မြို့ရှိထာဝရဘုရားဗိမာန်တော်ကို ဤသို့ဂုဏ်ပြုစိတ်ကိုပေးတော်မူပါတကား။-
နေဟမိ 2:12 - Common Language Bible သို့ရာတွင်ယေရုရှလင်မြို့အတွက်မည်သို့ ဆောင်ရွက်ရမည်ကို ငါ့အားထာဝရဘုရား နှိုးဆော်တော်မူကြောင်းကိုမူ အဘယ်သူကို မျှငါမပြောဘဲသန်းခေါင်းယံအချိန်၌ ထ၍အဖော်အချို့ကိုခေါ်ပြီးလျှင်မြို့ ထဲမှထွက်လာခဲ့၏။ ငါတို့သည်ငါစီး သည့်မြည်းမှတစ်ပါးအခြားတိရစ္ဆာန် မပါ။- Garrad Bible ယေ ရု ရှ လင် မြို့ အ ဖို့ ငါ့ ဘု ရား သ ခင် ပေး တော် မူ သော အ ကြံ အ စည် ကို မည် သူ့ အား မျှ မ ဖော် ပြ ဘဲ၊ ညဉ့် အ ခါ ထ ပြီး လျှင်၊ ငါ သာ လား စီး လျက်၊ နောက် ပါ သူ အ ချို့ နှင့် တ ကွ၊ ချိုင့် တံ ခါး ဖြင့် ထွက် ၍၊ Judson Bible ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညအခါထ၍ ယေရုရှလင်မြို့အဖို့ ပြုခြင်းငှာ၊ ငါ၏ဘုရားသခင်သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတစ်ယောက်အားမျှ မပြော၊ ကိုယ်စီးသော မြင်းမှတစ်ပါး အဘယ်အရာမျှမပါဘဲ၊ မြန်မာ့စံမီသမ္မာကျမ်း ငါ၏ဘုရားသခင် ငါ့အားဖွင့်ပြပေးသော ဂျေရုဆလင်မြို့နှင့်ဆိုင်သည့် လုပ်ဆောင်ရမည့်အရာကို မည်သူ့ကိုမျှမပြော၊ ငါနှင့်ပါလာသောလူအချို့တို့နှင့် ညအချိန်တွင်ထ၍ ငါစီးလာသောမြင်းမှတစ်ပါး အခြားတိရစ္ဆာန်တစ်ကောင်မျှမပါဘဲ |
ဧဇရက``ငါတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု ကြလော့။ ကိုယ်တော်သည်မင်းကြီးအား ယေရု ရှလင်မြို့ရှိထာဝရဘုရားဗိမာန်တော်ကို ဤသို့ဂုဏ်ပြုစိတ်ကိုပေးတော်မူပါတကား။-
ငါသည်ယေရုရှလင်မြို့သို့ဆက်လက် သွားရောက်ကာ ထိုမြို့တွင်သုံးရက်မျှနေ၏။-
ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-
``သင့်ကိုချစ်မြတ်နိုးသူတို့သည်ကောင်းစား ကြပါစေသော။ သင်၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းသာယာ မှုရှိ၍ သင်၏နန်းတော်များအတွင်း၌ဘေးမဲ့လုံခြုံမှု ရှိပါစေသော'' ဟု ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းပတ္ထနာပြုကြလော့။
အို ဘုရားသခင်၊ ဇိအုန်တောင်ကိုသနားတော်မူ၍ကူမတော် မူပါ။ ယေရုရှလင်မြို့ရိုးတို့ကိုပြန်လည် တည်ဆောက်တော်မူပါ။
ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။
သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-
ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။-
ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
သင်တို့၏အိမ်နီးနားချင်းကိုသော်လည်း ကောင်း၊ မိတ်ဆွေကိုသော်လည်းကောင်းမယုံ ကြနှင့်။ သင်၏ဇနီးကိုပင်သတိနှင့် စကားပြောလော့။-
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်တို့ ကိုခေါ်ဆောင်ကာညဥ့်အခါ အီဂျစ်ပြည်သို့ထွက် ခွာသွားပြီးလျှင်ဟေရုဒ်မင်းကွယ်လွန်သည်တိုင် အောင်ထိုပြည်တွင်နေ၏။
သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
ယောရှုသည်ဂိလဂါလမြို့မှဂိဗောင်မြို့ သို့တစ်ညလုံးချီတက်လာ၍ အာမောရိတပ် များကိုရုတ်တရက်တိုက်ခိုက်လေသည်။-
သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။
သို့ဖြစ်၍ဂိဒေါင်သည်အစေခံဆယ်ယောက် ကိုခေါ်၍ မိမိအားထာဝရဘုရားမိန့်တော် မူသည့်အတိုင်းပြုစေသည်။ သူသည်မိမိ အိမ်ထောင်စုဝင်တို့ကိုလည်းကောင်း၊ မြို့သူ မြို့သားများကိုလည်းကောင်းကြောက်သဖြင့် ဤအမှုကိုနေ့အချိန်၌မပြုဝံ့ဘဲည အချိန်၌ပြု၏။
သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုနှင့်ညဥ့် အခါ လာရောက်၍လယ်တောများတွင်ပုန်း အောင်းနေပြီးလျှင်၊-