သူကြီး 6:27 - Common Language Bible27 သို့ဖြစ်၍ဂိဒေါင်သည်အစေခံဆယ်ယောက် ကိုခေါ်၍ မိမိအားထာဝရဘုရားမိန့်တော် မူသည့်အတိုင်းပြုစေသည်။ သူသည်မိမိ အိမ်ထောင်စုဝင်တို့ကိုလည်းကောင်း၊ မြို့သူ မြို့သားများကိုလည်းကောင်းကြောက်သဖြင့် ဤအမှုကိုနေ့အချိန်၌မပြုဝံ့ဘဲည အချိန်၌ပြု၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ဂိ ဒေါင် လည်း ငယ် သား တစ် ဆယ် ကို ခေါ် ပြီး လျှင်၊ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း ပြု လေ၏။ သို့ ရာ တွင် အ ဘ အိမ် ထောင် သား ချင်း နှင့် မြို့ သား တို့ ကို ကြောက် ရွံ့ သည့် အ လျောက် နေ့ အ ချိန် တွင် မ ပြု ဝံ့ ဘဲ ညဉ့် အ ချိန် တွင် ပြု လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ်၍၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ၏။ မိမိအဘ၏ အိမ်သားတို့ကိုလည်းကောင်း၊ မြို့သားတို့ကိုလည်းကောင်း ကြောက်၍၊ နေ့အချိန်၌ မပြုဝံ့သောကြောင့်၊ ညအချိန်၌ ပြု၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ဂိဒေါင်လည်း မိမိ၏အစေအပါးဆယ်ယောက်ကိုခေါ်၍ ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်းပြုလေ၏။ သူသည် ဖခင်၏အိမ်သားများ၊ မြို့သားများကိုကြောက်သောကြောင့် နေ့အချိန်၌ မပြုဘဲ ညအချိန်၌ ပြုလေ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။-
နောက်တစ်နေ့နံနက်စောစောမြို့သားတို့နိုးထ ကြသောအခါ သူတို့သည်ဗာလဘုရား၏ယဇ် ပလ္လင်နှင့်အာရှရနတ်သမီး၏ အမှတ်လက္ခ ဏာသစ်ပင်တို့ပြိုလဲလျက်နေသည်ကိုလည်း ကောင်း၊ ယဇ်ပလ္လင်သစ်တစ်ခုပေါ်တွင်ဒုတိယ နွားထီးကို မီးရှို့ပူဇော်ထားလျက်ရှိသည် ကိုလည်းကောင်းတွေ့မြင်ကြ၏။-