တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-
နေဟမိ 10:38 - Common Language Bible ဤဆယ်ဖို့တစ်ဖို့အလှူကိုကောက်ခံချိန် ၌အာရုန်မှဆင်းသက်သည့်ယဇ်ပုရော ဟိတ်များသည် လေဝိအနွယ်ဝင်တို့နှင့် အတူရှိရမည်။ ထိုနောက်လေဝိအနွယ်ဝင် တို့ကမိမိတို့ကောက်ခံရရှိသည့်အသီး အနှံများအနက် ဆယ်ပုံတစ်ပုံကိုဗိမာန် တော်တွင်အသုံးပြုရန်ဗိမာန်တော်ပစ္စည်း သိုလှောင်ခန်းသို့ယူဆောင်သွားပါ မည်။- Garrad Bible ထို ဆယ် ဖို့ တစ် ဖို့ ကို၊ အာ ရုန့် အ နွယ် ပ ရော ဟိတ် တစ် ပါး ရှေ့၊ လေ ဝိ ဂိုဏ်း သား တို့ ခံ ယူ လျက်၊ ၎င်း အ နက် ဆယ် ဖို့ တစ် ဖို့ ကို၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် ဘ ဏ္ဍာ ခန်း သို့ သွင်း ဆောင် ကြ ရ မည်။ Judson Bible လေဝိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံယူသောအခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသားတို့သည်လည်း ဆယ်ဖို့တစ်ဖို့ထဲက ဆယ်ဖို့တစ်ဖို့ကို နုတ်ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။ |
တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-
အချိန်ကျလျှင်ထင်းအလှူကိုလည်းကောင်း၊ ဆန်စပါးအဦးအဖျားများနှင့်အဦး မှည့်သည့်သစ်သီးပူဇော်သကာများကို လည်းကောင်းယူဆောင်လာကြစေရန်စီမံ၏။ အို ဘုရားသခင်ဤအမှုအရာအပေါင်းကို သတိရတော်မူ၍အကျွန်ုပ်အားကျေးဇူး ပြုတော်မူပါ။ နေဟမိမှတ်စာပြီး၏။
မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။-
ထိုပြည်မှထွက်သောသီးနှံကိုစားသုံးကြ သောအခါ အချို့ကိုထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်သီးသန့်ထားရမည်။-
သင်တို့ဖုတ်သောမုန့်မှဤအထူးလှူဖွယ် ကိုထာဝရဘုရားအား သင်တို့အမျိုး အစဉ်အဆက်ပူဇော်ဆက်သရမည်။
ထာဝရဘုရားက``ဣသရေလအမျိုးသား တို့က ငါ့အားဆက်သသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို လေဝိအနွယ်ဝင်တို့အား ငါစံတော်မူရာတဲတော်ထိန်းသိမ်းခအဖြစ် ငါပေးပြီ။-
``နှစ်စဉ်သင်တို့၏လယ်ယာများမှ ထွက်သမျှ သောအသီးအနှံဆယ်ဖို့တစ်ဖို့ကို သီးသန့် ဖယ်ထားရမည်။-