နေဟမိ 10:37 - Common Language Bible37 ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။- အခန်းကိုကြည့်ပါ။Garrad Bible37 ပ ရော ဟိတ် တို့ ထံ၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် ဘ ဏ္ဍာ ခန်း သို့၊ မုန့် ဆန်း၊ မြှောက် ဆက် ရာ အ လှူ၊ အ သီး အ မျိုး မျိုး၊ စ ပျစ် ရည်၊ ဆီ၊ လက် ဦး လက် ဖျား များ ကို လည်း ကောင်း၊ လယ် လုပ် သော မြို့ ရွာ တိုင်း မှ ခံ စား အပ် သူ လေ ဝိ ဂိုဏ်း သား တို့ ထံ၊ မြေ ထွက် ဆယ် ဖို့ တစ် ဖို့ ကို လည်း ကောင်း၊ ပေး သွင်း ရန် ပြ ဋ္ဌာန်း ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible37 အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သကာ၊ သစ်သီးအမျိုးမျိုး၊ စပျစ်ရည်၊ ဆီကို ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်အခန်းသို့လည်းကောင်း၊ လယ်လုပ်သော မြို့ရွာရှိသမျှတို့၌ မြေအသီးအနှံ ဆယ်ဖို့တစ်ဖို့ကို လေဝိသားတို့ထံသို့လည်းကောင်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 အဦးဆုံးမုန့်ညက်၊ အလှူပစ္စည်း၊ သစ်သီးအမျိုးမျိုး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုလည်း ဘုရားသခင်၏အိမ်တော်ခန်းရှိ ယဇ်ပုရောဟိတ်ထံသို့ယူဆောင်လာပါမည်။ လေဝိအမျိုးတို့သည် မြို့ရွာတိုင်းမှာ စိုက်ပျိုးသောသီးနှံတို့၏ဆယ်ဖို့တစ်ဖို့ကို ရထိုက်သူများဖြစ်သောကြောင့် မြေထွက်သီးနှံ၏ဆယ်ဖို့တစ်ဖို့ကိုလည်း လေဝိအမျိုးတို့ထံ ယူဆောင်လာပါမည်။ အခန်းကိုကြည့်ပါ။ |
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား အပ်ပါသလောဟု သင်တို့အားငါမေးပါ ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည် ငါ့အားလိမ်လည်လှည့်စားလျက်နေပေ သည်။ သင်တို့က`ကျွန်တော်မျိုးတို့သည် အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း' ဟုဆိုပါမူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍ ဖြေရပေမည်။-