ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
နာဟုံ 1:5 - Common Language Bible ကိုယ်တော်၏ရှေ့၌တောင်ကြီးများသည် တုန်လှုပ်ကြလျက်၊ တောင်ငယ်များသည်အရည်ပျော်ကြကုန်၏။ ထာဝရဘုရားကြွလာတော်မူသောအခါ မြေငလျင်လှုပ်၍၊ ကမ္ဘာလောကနှင့်တကွကမ္ဘာသူကမ္ဘာသား အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ၏။ Garrad Bible ရှေ့ တော် တွင် တောင် များ သည် တုန် လှုပ် ခြင်း၊ ကုန်း များ သည် အ ရည် ပျော် ခြင်း မြေ ပ ထ ဝီ နှင့် လော က ဓာတ် သည် တည် ရှိ သ မျှ ပါ ရွေ့ ရှား ခြင်း ခံ ရ ၏။ Judson Bible ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီးနှင့် လောကဓာတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။ |
ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
တောင်ကြီးတို့သည်ဆိတ်များကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည်သိုးများကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။
တောင်ကြီးတို့၊သင်တို့သည်အဘယ်ကြောင့် ဆိတ်များကဲ့သို့ခုန်ပေါက်ကြပါသနည်း။ တောင်ငယ်တို့၊သင်တို့သည်အဘယ်ကြောင့် သိုးသငယ်များကဲ့သို့ခုန်ပေါက်ကြပါ သနည်း။
ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
မြေကြီးသည်တုန်လှုပ်၍မိုးကောင်းကင်မှ မိုးရွာပါ၏။ အဘယ်ကြောင့်ဆိုသော် သိနာတောင်၏ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသည် ကြွလာတော်မူသောကြောင့်ဖြစ်ပါ၏။
အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။ အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။
ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
ထာဝရဘုရားသည်ကမ္ဘာမြေကြီးကိုပျက် ပြုန်းစေတော်မူ၍ လူသူဆိတ်ငြိမ်ရာဖြစ်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ မျက်နှာပြင်ကိုတွန့်လိမ်စေ၍ လူတို့ကို ကွဲလွင့်စေတော်မူလိမ့်မည်။-
ကမ္ဘာမြေကြီးသည်လေမုန်တိုင်းမိသည့်တဲ ကဲ့သို့လည်းကောင်း၊ သေသောက်ကြူးသူကဲ့သို့ လည်းကောင်းယိမ်းယိုင်လျက်နေလိမ့်မည်။ ကမ္ဘာ လောကသည်အပြစ်ဝန်ထုပ်ပိလျက်နေ သဖြင့် ပြိုလဲသွားလိမ့်မည်။ နောက်တစ်ဖန် ပြန်၍ထနိုင်တော့မည်မဟုတ်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။ လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
ငါသည်တောင်များကိုကြည့်ပြန်သော် တောင်ကြီးတောင်ငယ်တို့သည်တုန်လှုပ်လျက် နေကြ၏။
ကမ္ဘာမြေပြင်ပေါ်တွင်ရှိသမျှသော လူ၊ ငါး၊ ငှက်နှင့်တိရစ္ဆာန်များ၊ မြေပေါ်၌သွားလာ လျက်ရှိသောအခြားသတ္တဝါကြီးငယ် အပေါင်းတို့သည် ငါ့အားကြောက်လန့်တုန် လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြို၍ ကျောက်ဆောင်တို့သည်ကြေမွကာ တံတိုင်း ရှိသမျှတို့သည်လဲကျပျက်စီးလိမ့်မည်။-
သူတို့ချဉ်းကပ်လာချိန်၌မြေငလျင်လှုပ် လေ၏။ မိုးကောင်းကင်သည်လည်းတသိမ့်သိမ့်တုန်၍ သွားလေ၏။ နေနှင့်လသည်မှောင်မိုက်လျက်နေကာကြယ် တာရာ များသည်လည်းမထွန်းမလင်းကြတော့ချေ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား သည် ပထဝီမြေကြီးကိုတို့တော်မူသဖြင့်၊ မြေငလျင်ကြီးလှုပ်သည်။ မြေသားအပေါင်းတို့လည်းငိုကြွေးရမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည်မှနိုင်းမြစ်ကဲ့သို့ တက်ခြင်းကျခြင်းရှိလိမ့်မည်။
ထိုအခါ၌တောင်များသည်မီးနှင့်တွေ့သော ဖယောင်းကဲ့သို့အရည်ပျော်လိမ့်မည်။ ထိုနောက်တောင်ကုန်းမှတောင်အောက်သို့ ရေစီးဆင်းသကဲ့သို့ချိုင့်ဝှမ်းထဲသို့စီးဆင်း လိမ့်မည်။
တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။-
ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။-
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
မိုးကောင်းကင်သည်စာစောင်ကိုလိပ်သကဲ့သို့ ပျောက်ကွယ်သွား၏။ တောင်များနှင့်ကျွန်းရှိ သမျှသည်မိမိတို့နေရာမှရွေ့သွားကြကုန်၏။-
တောင်ရိုးတို့သည်သိနာတောင်၏အရှင် ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌တုန်လှုပ်ကြ ပါ၏။