ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ဒံယေလ 7:1 - Common Language Bible ဗာဗုလုန်ရှင်ဘုရင်၊ ဗေလရှာဇာမင်းနန်းစံပထမနှစ်၌ ငါသည်ညဥ့်အခါအိပ်မက်တွင်ဗျာဒိတ်ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုအိပ်မက်၏အကြောင်းကိုငါသည်ဤသို့မှတ်တမ်းရေးထားသတည်း။ Garrad Bible ဗာ ဗု လုန် ဘု ရင် ဗေ လ ရှာ ဇာ မင်း နန်း စံ ပ ထ မ နှစ် တွင် ဒံ ယေ လ သည် မြင် မက်၍ အိပ် ရာ ပေါ် တွင် မ နော ရူ ပါ ရုံ မြင် ပြီး သော ထို အိပ် မက် အ ချုပ် အ ချာ ကို ရေး သား ပြန် ကြား လေ ၏။ Judson Bible ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပထမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသောအချက်ကား၊ မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်ဗေလရှာဇာမင်းကြီး နန်းစံပထမနှစ်တွင် ဒံယေလသည် အိပ်ရာပေါ်တွင်အိပ်နေစဉ် စိတ်အာရုံတွင် အိပ်မက်တစ်ခုကို မြင်မက်လေ၏။ ထိုအခါ သူသည် ထိုအိပ်မက်ကို ရေးမှတ်ထားပြီး အိပ်မက်၏အနှစ်ချုပ်ကိုပြောပြ၏။ |
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။-
အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
သို့ဖြစ်၍ငါသည်နေရိ၏သားဗာရုတ်ကို ခေါ်ပြီးလျှင် မိမိအားထာဝရဘုရားမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် ရန်နှုတ်တိုက်ချပေးလေသည်။ ဗာရုတ်သည် လည်းစာလိပ်တစ်ခုတွင်ရေးမှတ်၍ထား၏။-
သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
ဘုရားသခင်သည်ထိုလူငယ်လူရွယ်လေးယောက်တို့အား စာပေနှင့်အထူးထူးအပြားပြားသောပညာရပ်တို့တွင်တတ်သိကျွမ်းကျင်မှုကိုပေးတော်မူ၏။ ထို့အပြင်လည်းဒံယေလအားဗျာဒိတ်ရူပါရုံနှင့်အိပ်မက်များ၏ အနက်အဋ္ဌိပ္ပါယ်ကိုပြဆိုနိုင်သောစွမ်းရည်ကိုလည်းပေးတော်မူ၏။
နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
မင်းကြီးက(ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလအား``သင်သည်ငါ၏အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်၏အနက် ကိုလည်းကောင်းဖော်ပြနိုင်ပါသလော'' ဟုမေးတော်မူ၏။
``ငါသည်ထိုဗျာဒိတ်ရူပါရုံတွင်တွေ့မြင် ရပုံကိုစဉ်းစားဆင်ခြင်လျက်နေစဉ် နိုး ကြားစောင့်ကြည့်သူကောင်းကင်တမန်တစ် ပါးဆင်းသက်လာသည်ကိုမြင်ရ၏။-
ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။-
တစ်ညသ၌ဗေလရှာဇာမင်းသည်ညစာ စားပွဲကြီးသို့မှူးမတ်တစ်ထောင်ကိုဖိတ် ကြားပြီးလျှင် သူတို့နှင့်အတူစပျစ်ရည် သောက်တော်မူသည်။-
သူ၏သားတော်ဖြစ်သူအရှင်သည်လည်း ထိုအမှုအရာအလုံးစုံတို့ကိုသိရှိပါ သော်လည်းမိမိကိုယ်ကိုနှိမ့်ချတော်မ မူဘဲ၊-
ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
ငါမြင်ရသောဗျာဒိတ်ရူပါရုံများကြောင့် ငါသည်ထိတ်လန့်၍လာသဖြင့်စိတ်ချောက်ချားကာ၊-
ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-
ဗေလရှာဇာမင်းနန်းစံတတိယနှစ်၌ငါ ဒံယေလသည် ဒုတိယဗျာဒိတ်ရူပါရုံ ကိုမြင်ရ၏။-
``ထိုနောက်ငါသည်မိမိ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ်သို့သွန်းလောင်းမည်။ သင်တို့သားသမီးများသည်ငါ၏ဗျာဒိတ် တော်ကို ပြန်ကြားကြလိမ့်မည်။ အသက်ကြီးသူများသည်အိပ်မက်များကို မြင်မက်ကြလျက်၊ လူငယ်လူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို တွေ့မြင်ကြလိမ့်မည်။
အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
ဝါကြွားခြင်းသည်အကျိုးမရှိသော်လည်းငါ ဝါကြွားရဦးမည်။ သို့ဖြစ်၍သခင်ဘုရား ငါ့အားပြတော်မူသောရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကိုဖော်ပြမည်။-
သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။-
ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။