ဒံယေလ 2:26 - Common Language Bible26 မင်းကြီးက(ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလအား``သင်သည်ငါ၏အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်၏အနက် ကိုလည်းကောင်းဖော်ပြနိုင်ပါသလော'' ဟုမေးတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible26 ဘု ရင် မင်း က၊ ငါ မြင် မက် သော အိပ် မက် ကို အ နက် ပါ သင် ဖော် ပြ နိုင် သ လော ဟု ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ ဒံ ယေ လ ကို မေး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible26 ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဖော်ပြနိုင်သလောဟု၊ ဗေလတရှာဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ရှင်ဘုရင်ကလည်း ဗေလတရှာဇာခေါ် ဒံယေလအား “ငါမက်သောအိပ်မက်နှင့် အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြနိုင်သလော”ဟု မေးလျှင် အခန်းကိုကြည့်ပါ။ |
သင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။
သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။
ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။-