သို့ရာတွင်အဗရှလုံက``ထိုသို့ဖြစ်ပါမူ ယုတ်စွအဆုံးအကျွန်ုပ်၏အစ်ကိုအာမနုန် ကိုသွားခွင့်ပြုတော်မူပါ'' ဟုလျှောက်၏။ မင်းကြီးက``အဘယ်ကြောင့်သူ့အား သွားစေရပါမည်နည်း'' ဟုဆို၏။-
ဒံယေလ 11:27 - Common Language Bible ထိုနောက်ဘုရင်နှစ်ပါးသည်စားပွဲတစ်ခု တည်းတွင်ထိုင်၍ ပွဲတော်ခေါ်ကြလိမ့်မည်။ သို့ ရာတွင်သူတို့၏ရည်ရွယ်ချက်များသည်ဆိုး ညစ်သဖြင့် တစ်ဦးကိုတစ်ဦးလိမ်လည်ပြော ဆိုကြလိမ့်မည်။ သို့သော်အချိန်မတန်သေး သဖြင့် သူတို့၏လိုလားချက်များကိုရရှိ ကြလိမ့်မည်မဟုတ်။- Garrad Bible ထို ဘု ရင် နှစ် ပါး တို့ ကား အ ဆိုး ကို ကြံ စည် လျက် ပွဲ တော် တည် ကြ စဉ် တွင် မု သာ သုံး ၍ ကြံ စည် သော် လည်း အ ထ မ မြောက် ရာ၊ ချိန်း ချက် တော် မူ သော ကာ လ၌ ပင် ကုန် ဆုံး လိမ့် မည်။ Judson Bible ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တစ်ခုသောစားပွဲ၌ မုသားစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန်ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုဘုရင်နှစ်ပါးစလုံးသည် မကောင်းမှုကိုပြုလိုသောစိတ်ရှိကြ၏။ သူတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်၍ မုသားစကားပြောဆိုကြလိမ့်မည်။ သို့သော် အဆုံးအတွက် သတ်မှတ်ထားသောအချိန်မရောက်သေးသောကြောင့် အောင်မြင်လိမ့်မည်မဟုတ်။ |
သို့ရာတွင်အဗရှလုံက``ထိုသို့ဖြစ်ပါမူ ယုတ်စွအဆုံးအကျွန်ုပ်၏အစ်ကိုအာမနုန် ကိုသွားခွင့်ပြုတော်မူပါ'' ဟုလျှောက်၏။ မင်းကြီးက``အဘယ်ကြောင့်သူ့အား သွားစေရပါမည်နည်း'' ဟုဆို၏။-
လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက် တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။
လူသားတို့သည်ထွက်သက်ဝင်သက်လေမျှသာ ဖြစ်ပေသည်။ လူတို့သည်ယုတ်မြတ်မဟူအနတ္တမျှသာဖြစ် ကြ၏။ သူတို့အားချိန်ခွင်တွင်ချိန်စက်၍ကြည့် ကြလော့။ သူတို့သည်အချိန်မစီး။ ထွက်သက်ဝင်သက်လေထက်ပင်ပေါ့ကြ၏။
သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
မကောင်းသောအကြံကို ကြံသောသူတို့၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့၌ကား၊ ဝမ်းမြောက်စရာ အကြောင်းရှိ၏။
ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။
``သို့ဖြစ်၍ဤစပျစ်ပင်သည်ဆက်လက်၍ ရှင်သန်နိုင်မည်လော။ ထိုအပင်ကိုအမြစ်မှ ဆွဲနုတ်ပြီးလျှင် စပျစ်သီးများကိုချွေကာ အကိုင်းသစ်တို့ကိုလည်းချိုး၍ ညှိုးနွမ်း ခြောက်သွေ့သွားစေမည်မဟုတ်လော။ ထို အပင်ကိုနုတ်ပစ်ရန်ခွန်အားများစွာရှိရန် လူအလုံးအရင်းကိုလိုလိမ့်မည်မဟုတ် ဟုငါအရှင်ထာဝရဘုရားမိန့်တော် မူ၏။-
ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။
ဆီးရီးယားဘုရင်သည်ဘုရားသခင်၏ လူမျိုးတော်ကိုးကွယ်သည့်ဘာသာကို ဖျက်ဆီးရန်သန္နိဋ္ဌာန်ပြုကာ စစ်ပွဲတွင်သိမ်း ဆည်းရရှိထားသည့်ဥစ္စာပစ္စည်းများကိုယူ ၍ပြန်လိမ့်မည်။ သူသည်မိမိ၏အလိုဆန္ဒ ရှိသည်အတိုင်းပြုပြီးနောက်မိမိ၏ပြည် သို့ပြန်လိမ့်မည်။
``ထိုနောက်ကာလအတန်ကြာသောအခါ သူသည်အီဂျစ်ပြည်သို့ပြန်လည်ချဉ်းနင်း ဝင်ရောက်လာလိမ့်မည်။ သို့ရာတွင်ယခုတစ် ကြိမ်၌အခြေအနေပြောင်းလဲသွားလိမ့် မည်။-
ခေါင်းဆောင်ပညာရှိများအနက်အချို့သူ တို့သည်အသတ်ခံရကြလိမ့်မည်။ သို့ရာတွင် ယင်းသို့အသတ်ခံရကြမှုကြောင့် လူတို့၏ စိတ်နှလုံးသည်ဖြူစင်သန့်ရှင်း၍လာလိမ့်မည်။ ဤအမှုအရာများသည်ဘုရားသခင်ချိန်း ချက်သတ်မှတ်တော်မူသည့်ကာလတိုင် အောင်ဆက်လက်၍ဖြစ်လိမ့်မည်။
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
``ထာဝရဘုရားအမျက်တော်၏အကျိုး ဆက်ကား အဘယ်သို့ဖြစ်မည်ကိုသင့်အား ငါဖော်ပြနေခြင်းဖြစ်၏။ ရူပါရုံသည် အဆုံးစွန်သောကာလနှင့်သက်ဆိုင်၏။
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
ညီအစ်ကိုတို့၊ ဤအမှုများဖြစ်ပျက်မည့် အချိန်ကာလအကြောင်းကိုသင်တို့အား ရေးသားရန်မလို။-