ဒံယေလ 11:29 - Common Language Bible29 ``ထိုနောက်ကာလအတန်ကြာသောအခါ သူသည်အီဂျစ်ပြည်သို့ပြန်လည်ချဉ်းနင်း ဝင်ရောက်လာလိမ့်မည်။ သို့ရာတွင်ယခုတစ် ကြိမ်၌အခြေအနေပြောင်းလဲသွားလိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible29 ချိန်း ချက် တော် မူ သော ကာ လ၌ လည်း တောင် ပြည် သို့ တစ် ဖန် ပြန် လိမ့် မည်။ သို့ ရာ တွင် ယ မန် အ တိုင်း နောက် ဖြစ် မည် မ ဟုတ် ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible29 ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တစ်ဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်း မဟုတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 အချိန်တန်လျှင် သူသည် တောင်အရပ်သို့ တစ်ဖန်လာဦးမည်။ သို့သော် ယခုတစ်ကြိမ်လာခြင်းသည် ယခင်တစ်ကြိမ်ကဲ့သို့ ဖြစ်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။
``သူသည်အီဂျစ်ဘုရင်ကိုတိုက်ခိုက်ရန် စစ် တပ်ကြီးတစ်တပ်ကိုရဲတင်းစွာဖွဲ့စည်းလိမ့် မည်။ အီဂျစ်ဘုရင်သည်လည်းအလွန်အင် အားကြီးမားသောစစ်သည်ဗိုလ်ခြေတို့ဖြင့် သူ့အားခုခံရန်ပြင်ဆင်လိမ့်မည်။ သို့ရာ တွင်သူသည်လိမ်လည်လှည့်စားမှုကိုခံရ ၍အောင်မြင်လိမ့်မည်မဟုတ်။-
ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-