ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင် ``အရှင်ပြန်လည်ကျန်းမာလာလိမ့်မည်ဟု ပြောပါသည်'' ဟုလျှောက်၏။-
ဒံယေလ 11:26 - Common Language Bible သူ၏အရင်းနှီးဆုံးအကြံပေးအရာရှိ များသည် သူ၏ပျက်စီးရာပျက်စီးကြောင်းဖြစ် လိမ့်မည်။ သူ၏စစ်သည်တပ်သားအမြောက် အမြားတို့သည် အသတ်ခံရလျက်တပ်မ တော်တစ်ခုလုံးပင်ချေမှုန်းခြင်းခံရလိမ့် မည်။- Garrad Bible ထို ဘု ရင်၏ ထ မင်း ကို စား ရ သော သူ တို့ ပင် ဖျက် ဆီး ချိုး ဖဲ့ သည် နှင့် ဗိုလ် ခြေ လည်း နစ် မြုပ်၍ များ စွာ သေ ရ လျက် ပြို လဲ ကြ လိမ့် မည်။ Judson Bible ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည်လည်း၊ ထိုသူ၏အကျိုးကို ဖျက်ဆီးသောအားဖြင့်၊ သူ၏တပ်မြုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူကျွေးမွေးထားသောသူများကပင် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူ့စစ်သည်တို့သည်လည်း ချေမှုန်းဖျက်ဆီးခြင်းခံရ၍ လူအမြောက်အမြားသေကျေကျဆုံးကြလိမ့်မည်။ |
ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင် ``အရှင်ပြန်လည်ကျန်းမာလာလိမ့်မည်ဟု ပြောပါသည်'' ဟုလျှောက်၏။-
ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
``ဆီးရီးယားဘုရင်၏သားတော်တို့သည် စစ်တိုက်ရန် ပြင်ဆင်ကြလျက်တပ်ကြီးတစ် တပ်ကိုစုရုံးကြလိမ့်မည်။ သူတို့အနက်မှ မင်းသားတစ်ပါးသည်မြစ်လျှံရေကဲ့သို့ ချီတက်လာကာ ရန်သူ့ခံတပ်တစ်ခုကို တိုက်ခိုက်လိမ့်မည်။-
သူ့အားဆန့်ကျင်ဘက်ပြုသူသည်ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းပင်ဖြစ်စေကာ မူ ဖျက်ဆီးချေမှုန်းခြင်းကိုခံရလိမ့်မည်။-
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။-
ကိုယ်တော်က ``ထိုသူသည်တစ်ကျိပ်နှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ငါနှိုက်သောပန်းကန်တွင် နှိုက်၍စားသူဖြစ်၏။-
``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-