ဆာလံ 41:9 - Common Language Bible9 ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible9 ငါ ကိုး စား ခဲ့ သော၊ ငါ့ ထ မင်း ကို စား သော မိတ် ဆွေ ရင်း ပင်၊ ငါ့ ကို ခြေ နှင့် ကျောက် ကန် ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible9 အကယ်စင်စစ် ငါယုံ၍၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
သင်တို့၏မဟာမိတ်များသည်လိမ်လည် လှည့်စားလျက်၊ သင်တို့အားမိမိတို့ပြည်မှနှင်ထုတ်ကြ လေပြီ။ သင်တို့နှင့်အတူငြိမ်းချမ်းစွာနေထိုင်ခဲ့ သူများက၊ ယခုသင်တို့အားလွှမ်းမိုးလိုက်ကြလေပြီ။ သင်တို့နှင့်အတူစားသောက်ခဲ့သည့် မိတ်ဆွေများသည်သင်တို့အတွက်ထောင် ချောက်ကို ထောင်ထားကြလေပြီ။ သူတို့သည်သင်တို့ကိုရည်မှတ်၍ ဤသူတို့၏အသိအလိမ္မာကားအဘယ် သို့ ရောက်ရှိသွားလေပြီနည်းဟုဆိုကြ၏။
ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။