ဒံယေလ 11:22 - Common Language Bible22 သူ့အားဆန့်ကျင်ဘက်ပြုသူသည်ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းပင်ဖြစ်စေကာ မူ ဖျက်ဆီးချေမှုန်းခြင်းကိုခံရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible22 လွှမ်း မိုး သော လက် ရုံး ဖြင့် ပြည် သူ ပြည် သား တို့ သည် ပ ဋိ ညာဉ် ခံ မင်း ပါ၊ သူ့ ရှေ့ တွင် ရှောင် တ ခင် နစ် မြုပ် ပျက် စီး ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible22 လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာမြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိတ်သဟာယခံသော မင်းလည်း ဆုံးရှုံးလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သူ့ရှေ့မှာပင် စစ်သည်အလုံးအရင်းနှင့်အတူ မဟာမိတ်မင်းသည်လည်း ရေလွှမ်းမိုးသကဲ့သို့ တိုက်စားသွားခြင်းခံရ၍ ပျက်စီးသွားရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။-