သူယုတ်မာတို့သည်နေရာတကာတွင်ရှိ၏။ လူအပေါင်းတို့သည်မကောင်းမှုကိုချီးကူးကြ၏။
ဒံယေလ 11:21 - Common Language Bible ဆက်လက်၍ကောင်းကင်တမန်က``ထိုနောက် နန်းတက်သည့်ဆီးရီးယားဘုရင်သည်မင်း ဖြစ်ထိုက်သူမဟုတ်၊ ဆိုးညစ်သူဖြစ်လိမ့် မည်။ သို့ရာတွင်သူသည်အမှတ်မထင်ပေါ် ထွန်းလာလျက်ပရိယာယ်အားဖြင့်အာဏာ သိမ်းလိမ့်မည်။- Garrad Bible ထို ဘု ရင့် အ ရိုက် အ ရာ၌ လည်း ယုတ် မာ သူ၊ နိုင် ငံ၏ ဘုန်း ကြက် သ ရေ ကို မ ဆက် မ ခံ အပ် သော သူ သည် ဘေး မ မျှော် သော အ ချိန်၌ ပေါ် လာ သည် နှင့် လျှို့ ဝှက် မြှောက် ပင့်၍ နိုင် ငံ ကို သိမ်း ယူ လိမ့် မည်။ Judson Bible ထိုသူအရာ၌လည်း မင်းစည်းစိမ်ကို ခံထိုက်သောသူ မဟုတ်၊ ယုတ်မာသောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုမင်း၏နေရာတွင် ယုတ်ညံ့သောမင်းတစ်ပါးပေါ်လာလိမ့်မည်။ မည်သူမျှ သူ့ကို နန်းစံဖို့ မင်းမမြှောက်။ လူတို့ လုံခြုံစိတ်ချစွာနေနေကြစဉ် သူသည် ရောက်လာ၍ နိုင်ငံကို လိမ်လည်သိမ်းယူလိမ့်မည်။ |
သူယုတ်မာတို့သည်နေရာတကာတွင်ရှိ၏။ လူအပေါင်းတို့သည်မကောင်းမှုကိုချီးကူးကြ၏။
သူသည်ဘုရားသခင်ပစ်ပယ်သူတို့ကို စက်ဆုပ်ရွံရှာ၍ ထာဝရဘုရား၏စကားကိုနားထောင် သူတို့အား ဂုဏ်ပြုချီးမြှင့်တတ်၏။ အဘယ်မျှပင်မိမိ၏အကျိုးထိခိုက်နစ်နာ စေကာမူ မိမိ၏ကတိများအတိုင်းအစဉ်ပြုတတ်၏။
သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း သူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။ သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။
လူမိုက်တို့အားဂုဏ်အသရေရှိသူများဟူ ၍သော်လည်းကောင်း၊ သူယုတ်မာတို့အားရိုး ဖြောင့်သူများဟူ၍သော်လည်းကောင်း အဘယ် သူမျှထင်မှတ်ပြောဆိုကြလိမ့်မည်မဟုတ်။-
``သူ၏နောက်၌ဘုရင်တစ်ပါးပေါ်ထွန်းလာ လိမ့်မည်။ ထိုဘုရင်သည်နိုင်ငံတော်ဘဏ္ဍာကို တိုးတက်ရေးအတွက် လူတို့ထံမှအခွန်ကောက် ခံစေရန်အရာရှိတစ်ဦးကိုစေလွှတ်လိမ့်မည်။ ထိုဘုရင်သည်အလွန်တိုတောင်းသည့်အချိန် ကာလအတွင်း၌လုပ်ကြံသတ်ဖြတ်ခြင်း ကိုခံရလိမ့်မည်။ သို့ရာတွင်သူသည်လူ မြင်ကွင်း၌သော်လည်းကောင်း၊ စစ်ပွဲ၌သော် လည်းကောင်းအသတ်ခံရခြင်းမဟုတ်'' ဟုဆို၏။
မိမိတို့ကိုးကွယ်သည့်ဘာသာကိုစွန့်လွှတ် လိုက်ကြသူတို့အား ဆီးရီးယားဘုရင်သည် ကောက်ကျစ်စဉ်းလဲမှုဖြင့် မိမိ၏ဘက်သို့ပါ အောင်ဆွဲဆောင်လိမ့်မည်။ သို့ရာတွင်ဘုရားသခင်အားသစ္စာစောင့်သောသူတို့က သူ့အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်။-
ဘုရားသခင်၏လူမျိုးတော်ဘက်သို့ဝင်ရောက် လာသူတို့မှာအများအားဖြင့် ကိုယ်ကျိုးရှာ လိုသူများပင်ဖြစ်သော်လည်းကိုယ်တော်၏ လူမျိုးတော်သည် ထိုသူတို့ထံမှအထောက် အကူအနည်းငယ်ကိုရရှိကြမည်။-
ထိုနောက်များမကြာမီမင်းသမီးနှင့်ဆွေ မျိုးတော်စပ်သူတစ်ဦးသည် အီဂျစ်ထီးနန်း ကိုရရှိလိမ့်မည်။ သူသည်ဆီးရီးယားဘုရင် ၏စစ်သည်ဗိုလ်ခြေတို့ကိုတိုက်ခိုက်လိမ့်မည်။ သူတို့၏ခံတပ်ကိုလည်းထိုးဖောက်ဝင် ရောက်ကာသူတို့အားနှိမ်နင်းလိမ့်မည်။-
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
``ထိုနိုင်ငံများသည်ပျက်သုဉ်းချိန်နီး၍ အပြစ်ဒဏ်သင့်လောက်အောင်ယုတ်မာလာ သောအခါခေါင်းမာဆိုးညစ်၊ ကောက်ကျစ် လိမ်လည်တတ်သောဘုရင်တစ်ပါးပေါ် ပေါက်လာလိမ့်မည်။-
သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
ထိုဦးချိုလေးချောင်းအနက်တစ်ချောင်း တွင်ချိုအတက်တစ်ချောင်းပေါက်၍လာ၏။ ထိုချိုတက်သည်တောင်ဘက်အရပ်၊ အရှေ့ အရပ်နှင့်ကတိထားတော်မူသောပြည်တော် သို့တိုင်အောင်အာဏာတန်ခိုးရှိလေသည်။-
ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။
သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-