ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
ဒေသနာကျမ်း။ 3:7 - Common Language Bible အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။ Garrad Bible ဆုတ် ဖဲ့ ရန် အ ချိန် နှင့် ချုပ် စပ် ရန် အ ချိန်၊ တိတ် ဆိတ် ရန် အ ချိန် နှင့် ပြော ဆို ရန် အ ချိန်။ Judson Bible အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသောအချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆုတ်ဖြဲရသောအချိန်နှင့် ချုပ်လုပ်ရသောအချိန်ရှိ၏။ တိတ်တဆိတ်နေရသောအချိန်နှင့် စကားပြောရသောအချိန်ရှိ၏။ |
ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။-
ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။-
ကျွန်တော်သည်သူငယ်မပါဘဲဖခင်ထံသို့မည် သို့ပြန်နိုင်ပါမည်နည်း။ ဖခင်ခံရမည့်စိတ်ဆင်း ရဲခြင်းကိုကျွန်တော်မမြင်ရက်နိုင်ပါ'' ဟု လျှောက်ထားလေ၏။
ဒါဝိဒ်နှင့်သူ၏လူတို့သည်ဝမ်းနည်းကြေကွဲ သည့်အနေဖြင့် မိမိတို့၏အဝတ်များကို ဆုတ်ဖြဲကြ၏။-
ထိုနောက်ဒါဝိဒ်သည်ယွာဘနှင့်အပေါင်းပါ တို့အား အဝတ်များကိုဆုတ်ဖြဲ၍လျှော်တေ ကိုဝတ်ပြီးလျှင် အာဗနာအတွက်ငိုကြွေး မြည်တမ်းမှုပြုကြရန်အမိန့်ပေးတော်မူ၏။ ထိုနောက်အလောင်းကိုသင်္ချိုင်းသို့ပို့ဆောင်သွား သောအခါ၌လည်း မင်းကြီးကိုယ်တိုင်တလား ၏နောက်မှလမ်းလျှောက်၍လိုက်ပါပို့ဆောင် တော်မူ၏။-
ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
ပြည်သူတို့သည်ဟေဇကိမင်းမှာကြားလိုက် သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ် ခွန်းကိုမျှပြန်၍မပြောကြ။-
ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။
ဤအကြောင်းကိုကြားသောအခါမင်းကြီးသည် ဝမ်းနည်းစိတ်ပျက်လျက် မိမိ၏အဝတ်တော်ကို ဆုတ်သဖြင့် ထိုအဝတ်တော်အောက်တွင်ဝတ်ဆင် ထားသောလျှော်တေကိုမြို့ရိုးအနီးရှိလူတို့ တွေ့မြင်ရကြလေသည်။-
ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။
ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v
ငါသည်စကားတစ်ခွန်းမျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့၏။ အကောင်းကိုပင်မပြော ဆိုခဲ့ပါ။ သို့ရာတွင်ငါ၏ဝေဒနာသည်ပိုမိုဆိုးရွား ၍သာလာ၏။
ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
ထိုအခါလူတို့သည်ဟေဇကိမှာကြား လိုက်သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍မပြောကြ။-
သို့ရာတွင်စာလိပ်ပါစကားအလုံးစုံကို ကြားရသူမင်းကြီးနှင့်တကွ အဘယ်မှူး မတ်မျှကြောက်လန့်မှုမဖြစ်ကြ။ နောင်တ ရသည့်လက္ခဏာကိုလည်းမပြကြ။-
ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-
ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့၏အိမ်နီးနားချင်းကိုသော်လည်း ကောင်း၊ မိတ်ဆွေကိုသော်လည်းကောင်းမယုံ ကြနှင့်။ သင်၏ဇနီးကိုပင်သတိနှင့် စကားပြောလော့။-
ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။-
ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။-
ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။