ဧသတာ 7:4 - Common Language Bible4 ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ကျွန် မ မှ စ၍ အ မျိုး သား ချင်း တို့ ပါ၊ သတ် ဖြတ် ကွပ် မျက် ဖျက် ဆီး ခံ ရ သော အ ဖြစ် သို့ ရောင်း ချ ပါ ပြီ။ ကျွန် ယောက်ျား ကျွန် မိန်း မ အ ဖြစ် သို့ ရောင်း ချ ရုံ မျှ ဖြစ် ခဲ့ လျှင်၊ ဘု ရင် မင်း အ ကျိုး တော် ယုတ် သည် နှင့် အ မျှ၊ ရန် သူ က အ ဖိုး မ လျော် နိုင် သော် လည်း၊ ကျွန် မ ဆိတ် ဆိတ် နေ ရ လေ စွ ဟု တင် လျှောက် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်းတို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှာ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှာ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဖိုးကိုပေးနိုင်သော်လည်း၊ ကျွန်တော်မ တိတ်ဆိတ်စွာ နေပါမည်ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ကျွန်တော်မျိုးမနှင့်ကျွန်တော်မျိုးမ၏လူမျိုးတို့သည် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းခံရရန် ရောင်းစားခံလိုက်ရပါပြီ။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ရောင်းစားခံရလျှင် ဘာမျှမပြောဘဲနေပါမည်။ ဤဒုက္ခမျှလောက်နှင့်သာဆိုလျှင် အရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဘဲ နေပါမည်”ဟု လျှောက်တင်လေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင်တို့အား အီဂျစ် ပြည်သို့နောက်တစ်ဖန်မပြန်စေရဟုမိန့် တော်မူခဲ့သော်လည်း သင်္ဘောများဖြင့်သင် တို့ကိုထိုပြည်သို့ပြန်လည်ပို့ဆောင်တော် မူလိမ့်မည်။ ထိုပြည်တွင်သင်တို့ကိုယ်ကို ရန်သူများထံ၌ကျွန်အဖြစ်ရောင်းသော် လည်း သင်တို့ကိုဝယ်ယူမည့်သူရှိလိမ့်မည် မဟုတ်'' ဟုဆင့်ဆိုလေ၏။
စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
ထိုအမိန့်စာများတွင်မင်းကြီးသည်ယုဒ အမျိုးသားတို့အား မိမိတို့၏အသက် ဘေးကိုကာကွယ်ရန်အတွက်စုရုံးခွင့်ပြု တော်မူကြောင်းပါရှိလေသည်။ မည်သည့် ပြည်နယ်၌မဆိုယုဒယောကျာ်းနှင့်ဇနီး သားသမီးများကိုလက်နက်စွဲကိုင်တိုက် ခိုက်လာသောအဘယ်လူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိကြ၏။ သူ တို့အားတစ်ယောက်မကျန်သတ်ဖြတ် ပြီးလျှင်သူတို့၏ပစ္စည်းများကိုလုယူ နိုင်လေသည်။-
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
ငါတို့သည်လည်းယုဒအမျိုးသားများ ပင်မဟုတ်ပါလော။ ငါတို့သားသမီးများ သည်လည်းသူတို့သားသမီးများထက်မညံ့ ပါ။ သို့ရာတွင်ငါတို့သည်ငါတို့သားသမီး များကိုကျွန်ခံစေကြရပါ၏။ သမီးအချို့ ကိုလည်းကျွန်အဖြစ်ရောင်းချလိုက်ရလေ ပြီ။ ငါတို့အဘယ်သို့မျှမတတ်နိုင်။ ငါ တို့လယ်များနှင့်စပျစ်ဥယျာဉ်များသည် သူတစ်ပါးလက်သို့ရောက်လေပြီတကား'' ဟုဆိုကြ၏။